ပရိသတ်ကြီးရေ သရုပ်ဆောင် ရဲလေးမကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ မိန်းမလျာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာ ဖြစ်ပါတယ်။ ရဲလေးမကတော့ ဒီကာလမှာ အနုပညာလှုပ်ရှားမှုတွေ မရှိသေးတဲ့အတွက် မုန့်ဟင်းခါးရောင်းရင်း စားဝတ်နေရေးပြသနာကို ဖြေရှင်းနေရတာ ဖြစ်ပါတယ်။
မကြာသေးခင်က ရဲလေးမရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူ့ဆီသို့ ငွေကြေးချမ်းသာသူများမှပိုက်ဆံလာချေးပြီး ပြန်မဆပ်ဘဲ မသိသလိုလုပ်နေကြတာကြောင့် စိတ်သောကရောက်နေရကြောင်း ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။
” ဟုတ်ပါတယ်ရဲလေးမဆင်းရဲတယ် ဝန်ထမ်းလိုင်းခန်းမှာနေပါတယ်တိုက်တွေတာတွေပေါ်မှာနေတဲ့အစ်ကိုတို့အစ်မတို့ဆီမှာ တစ်ခါမှမချေးမဌားဘူးပါဘူး။ အစ်ကိုတို့အစ်မတို့သာ ကျနော့်ဆင်းရဲတဲ့အစုက်အပြက်ဆီက ပိုတ်ဆံချေးဘူးတာပါ။ အကူအညီလိုလို့မညည်းမညူ ရှိတာလေးကို ချက်ချင်း ထုတ်ပြီးကူညီခဲ့တာပါ။ အစ်ကိုတို့အစ်မတို့လို တိုက်တာနဲ့မနေရပေမယ့် မီးရထားကျူးကျော်မှာနေတယ်ပြောတဲ့ ရဲလေးမကပဲကူညီခဲ့တာပါ။ ပြောစရာရှိရင်တောင် မျက်နှာလေးတော့ ထောက်ပါဦး။ ပြန်တောင်းတာစိတ်ဆိုးတာ ဘယ်သူလဲလို့မေးပါရစေ ကိုယ်မကောင်းဘူးပြောလို့ပါနော်။ ဘယ်သူကအရင်ကိုယ့်အကြောင်တွေ ပြောတာလဲမဟုတ်တာပြောလို့ရှင်းပြတာပါ။ ရှေ့လျှောက် ကိုယ်လိုသာအကိုတို့အမတို့ မဆင်းရဲပါစေနဲ့ အပြောမခံရပါစေနဲ့နော် ငြိမ်မခံနိုင်တော့ဘူးလေများနေပြီမှန်တယ်ထင်ရင်ကိုယ့်နောက်ကျောလုံအောင်နေပါမှန်လိုပဲနေပြမယ်ဝဋ်ဆိုတာလည်ပါတယ်ဒီဘဝမရှိရင်တောင်နောက်ဘဝရဲလေးမလိုမဖြစ်ပါစေနဲ့ဆုတောင်းပါအနာရှိရင်တော့စပ်ပေါ့” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။