မင်းသမီးတစ်လက်ဖြစ်ပေမယ့် ပြည်ပနိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးအဖြစ် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရတဲ့ နေခြည်ရွှန်းလက်

ပရိသတ်ကြီးရေ သရုပ်ဆောင် နေခြည်ရွှန်းလက်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် အောင်မြင်မှုတွေ ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ သူမကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ရင်း ကိုရီးယားနိုင်ငံသို့ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယားတွင် ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်တွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က နေခြည်ရွှန်းလက်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မင်းသမီးတစ်လက်ဖြစ်ပေမယ့် ပြည်ပနိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးအဖြစ် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရတဲ့ ပုံရိပ်လေးတွေ ဝေမျှပေးလာတာ ဖြစ်ပါတယ်။

“ဟယ်လို မတွေ့တာတော်တော်ကြာပြီနော် နေခြည့်ကိုလွမ်းနေတဲ့ ပရိသတ်တွေက နေခြည့်ရဲ့ဇာတ်လမ်းတွဲတွေ ဘယ်တော့ကြည့်ရမှာလဲလာလာမေးကြတယ် လွမ်းနေတဲ့ပရိတ်သတ်တွေအတွက်ကတော့စိတ်မကောင်းစွာနဲ့လောလောဆယ်တစ်ကားမှ မရှိဘူးလို့ပဲပြောပါရစေ နေခြည်လည်းတော်တော်ဝမ်းနည်းပါတယ် သေလောက်အောင်ရိုက်ချင်နေပင်မယ့် အရေးတော်ပုံမအောင်မချင်းတော့ရှိလာမှာ မဟုတ်ပါဘူး ပုံကတော့စားပွဲထိုးနေတဲ့ကောင်မလေးပုံပါ” ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.