သူနေထိုင်တဲ့နိုင်ငံမှာ ရည်းစားတစ်ယောက် ရဖို့အရမ်းကို ခက်ခဲလွန်းကြောင်း ဝမ်းနည်းစွာဖြင့် ဖွင့်ဟလာတဲ့ ဥက္ကာမင်းမောင်ရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက သူဟာ LGBT တစ်ဦးဖြစ်ကြောင်း ဝန်ခံထားတာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ပရိသတ်တစ်ချို့က လက်မခံကြပေမယ့် အခုချိန်မှာတော့ သူ့ရဲ့ဘဝလေးကို သဘောကျနေကြတာ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ဟာ သူတွဲသမျှ ရည်းစားတိုင်းကိုလည်း အားလုံးသိအောင် ချပြလေ့ရှိပါတယ်။

ရည်းစားတွေနဲ့ လအနည်းငယ်သာတွဲပြီး လမ်းခွဲခဲ့ရတာကြောင့် ပရိသတ်တစ်ချို့ရဲ့ဝေဖန်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဥက္ကာမင်းမောင်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူနေထိုင်တဲ့နိုင်ငံမှာ ရည်းစားတစ်ယောက် ရဖို့အရမ်းကို ခက်ခဲလွန်းကြောင်း ဝမ်းနည်းစွာဖြင့် ဖွင့်ဟလာတဲ့ ဥက္ကာမင်းမောင်ရဲ့ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

သူနေထိုင်တဲ့ နိုင်ငံမှာ ရွေးချယ်စရာတွေ အရမ်းကို များလွန်းတဲ့အတွက် တစ်ယောက်ကို တစ်ယောက် အချစ်စစ်ဖြင့် မချစ်ကြဘဲ အပျော်အနေနဲ့သာ တွဲကြတာ များပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံသားစစ်စစ်ဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာ ရည်းစားတစ်ယောက်ကို အပျော်အနေနဲ့မတွဲချင်ဘဲ တစ်သက်တာလက်တွဲဖို့သာ စိတ်ကူးထားတဲ့အတွက် ခက်ခဲနေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားလို့ရအောင် ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *