အေးချမ်းစွာ အနားယူသွားတဲ့ အဘွားရဲ့မျက်နှာလေးကို သေချာကြည့်ပြီး ဖြေမဆည်နိုင်အောင် ဝမ်းနည်းပူဆွေးနေတဲ့ ယွန်းယွန်း

ပရိသတ်ကြီးရေ သရုပ်ဆောင် ယွန်းယွန်းရဲ့အဘွားဟာ မကြာသေးခင် ရက်ပိုင်းလောက်က (၉၆) ပါးရောဂါဖြင့် ကွယ်လွန်အနစ္စရောက်သွားခဲ့တာ ဖြစ်ပါတယ်။ အဘွား ဒေါ်သဲနုခိုင်ဟာ အမေများအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင် ပါဝင်ရိုက်ကူး သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သွားချိန်မှာတော့ အသက်(၈၂) အရွယ်ရှိနေပါပြီ။

ယွန်းယွန်းဟာ အဘွားဖြစ်သူကို အရမ်းချစ်လွန်းတာကြောင့် အခုလို ကွယ်လွန်သွားချိန်မှာတော့ ပြောမပြတတ်အောင်ကို ဝမ်းနည်းပူဆွေးနေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ယွန်းယွန်းရဲ့ Instagram လူမှုကွန်ရက်တွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အေးချမ်းစွာ အနားယူသွားတဲ့ အဘွားရဲ့မျက်နှာလေးကို သေချာကြည့်ပြီး ဖြေမဆည်နိုင်အောင် ပူဆွေးနေတဲ့ ယွန်းယွန်းရဲ့ပုံရိပ်လေး ဖြစ်ပါတယ်။

“Until We Meet again miss you already grandma “ ဆိုပြီး စာသားလေးနဲ့ တင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ယွန်းယွန်းရဲ့အဘွား ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးသွား ကြပါဦးနော်။

Leave a Reply

Your email address will not be published.