ရည်းစားဟောင်းကြောင့် ဘဏ်မှာအကြွေးတင်နေတဲ့ သိန်းပေါင်းများစွာကို သူမရဲ့အနုပညာကြေးများဖြင့် ကြေအောင် အပြီးဆပ်နိုင်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အကြောင်းအမျိုးမျိုးကြောင့် ရင်ခွင်မဲ့နေတဲ့ ကလေးတွေကို ဂေဟာလေးဖွင့်ပြီး ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အခြားသော ပရဟိတများစွာကို လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေက ခိုင်နှင်းဝေရဲ့စိတ်ထားလေးကို လေးစားနေကြတာ ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ ရည်းစားဟောင်းရဲ့အကြွေးကိစ္စတွေကို လိုက်ပြီး ဖြေရှင်းပေးနေရတာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ရည်းစားဟောင်းမှ သူမအပါအဝင် အခြားသော သူများဆီမှ ငွေးကြေးများစွာ လိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ခိုင်နှင်းဝေရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ရည်းစားဟောင်းကြောင့် ဘဏ်မှာအကြွေးတင်နေတဲ့ သိန်းပေါင်းများစွာကို သူမရဲ့အနုပညာကြေးများဖြင့် ကြေအောင် အပြီးဆပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

“အယုံလွယ်မှုပဲလား..ဝဠ်ကြွေးကြောင့်ပဲလား..ဘဏ်မှာ ရှိနေတဲ့ သိန်း (၃၂၀) ကို (ကျွန်မရဲ့ ချွေးနဲစာ စစ်စစ်များ (ဇာတ်လမ်းတွဲများ လက်ခံ ရိုက်ကူးပြီး) ) အကျေဆပ်လို့ ကားစာအုပ်လေးရွေးခဲ့ပါပြီရှင်..ဒဏ်ကြေးများ လျော့ပေါ့ပေးပါသော AYA Bank ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်..ကလေးတွေ ဂေဟာ အတွက် လက်ရှိကားထက် ပိုကြီးသော ကားလေးကို အရစ်ကျဝယ်ဖို့ ဘဏ်နဲ့ ချိတ်ပြီး ကူညီပေးမှုကြောင့် ကြားခံလူ(လူရင်း လူရင်းကြီးကို ) ယုံကြည်စွာ ကားစာအုပ်ရောပေးပြီး လက်မှတ်ပါ ထိုးပေးခဲ့မိလို့ ကျွန်မ အပါအဝင် ကားပေါင်းများစွာကို လိမ်လည်မှုများထဲမှာ ကံဆိုးစွာ ပါဝင်ခဲ့ပါတယ်..စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းလေးက်ို ပြောပြရင်း ကျွန်မ အနုပညာအလုပ်လေးများ ပြန်လည် လုပ်ကိုင်ရတဲ့ အကြောင်းလေးကို အသိပေး ရင်ဖွင့်ဖြစ်ပါတယ်ရှင်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.