မကြာခင်မှာ ပြသတော့မယ့် ချစ်သူလေးရဲ့ဇာတ်လမ်းတွဲအသစ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ဒေါက်တာ ကျော်ဇော်ဟိန်း

ပရိသတ်ကြီးရေ မကြာခင်ရက်ပိုင်းအတွင်းမှာ သရုပ်ဆောင် မေမီကိုကို သရုပ်ဆောင်ထားတဲ့ မကြေးစည်ဆိုတဲ့ ဇာတ်လမ်းတွဲလေး ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ မေမီကိုကိုအပါအဝင် အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။ ပရိသတ်တွေကလည်း ဒီဇာတ်လမ်းတွဲလေး ကြည့်ရှုဖို့ စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။

မကြာသေးခင်က ဒေါက်တာကျော်ဇောဟိန်းရဲ့Facebook Story တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မကြာခင်မှာ ပြသတော့မယ့် ချစ်သူလေးရဲ့ဇာတ်လမ်းတွဲအသစ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ သူ့ကောင်မလေးအတွက်လည်း Congratulations လို့ ရေးသားထားပြီး ဂုဏ်ယူနေတာ ဖြစ်ပါတယ်။

မေမီကိုကိုဟာ ပျားရည်အိုင်ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားတာဖြစ်တဲ့အတွက် အခုထုတ်လွှင့်မယ့်ဇာတ်လမ်းတွဲလေးလည်း အောင်မြင်မှုရရှိမလားဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်းဖေဖော်ဝါရီ(၃)ရက်နေ့မှာ ပြသတော့မယ့် ” မကြေးစည်” ဆိုတဲ့ ဇာတ်ကားလေးကို အားပေးကြည့်ရှုကြဖို့ မမေ့ပါနဲ့နော်။

Leave a Reply

Your email address will not be published.