တစ်ချိန်ကအနုပညာလောကရဲ့ ဇာတ်ပို့ဇာတ်ရံနေရာမှာ ပရိသတ်အားပေးမှုအခိုင်အမာနဲ့ယနေ့အချိန်ထိပရိသတ်အားပေးမှုအခိုင်အမာကိုရရှိထားတာကတော့ ကိုဘင်းနဲ့နှိုင်းယှဥ်မြင့်မိုရ်တို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။အချိန်တွေဘယ်လောက်ကြာကြာ သူတို့ရဲ့သရုပ်ဆောင်ပညာတွေနဲ့ ပရိသတ်တွေရဲ့ဘဝအမောကိုပြေပျောက်အောင် ဖျော်ဖြေမှုတွေကြောင့်ပဲခုလိုအောင်မြင်နေခဲ့တာပါ။ယခုအနုပညာအလုပ်တွေနားချိန်မှာလည်း လူမှုကွန်ရက်မှာ Liveလွှင့်စျေးရောင်းရင်းဘဝကိုဖြတ်သန်းနေတာပါ။
သူရဲ့ပရိသတ်အပေါ်ထားရှိခဲ့တဲ့စေတနာတွေကြောင့်လည်း သူ့ Liveတိုင်းက ပရိသတ်အားပေးမှုအပြည့်နဲ့ အားပေးမှုတွေရရှိထားတာပါ.မကြာသေးခင်ကလည်း သားငယ်လေးကိုမွေးဖွားခဲ့ပြီး ပျော်ရွှင်စရာမိသားစုအချိန်လေးတွေကိုပိုင်ဆိုင်ထားခဲ့ပြီး အားကျနေရတာပါ။ဒါပေမယ့်ခုမှာတော့မနာလိုသူတစ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့်သူမဟာ အန္တရာယ်နဲ့ကြုံတွေခဲ့ရတာပါ။
နိုင်ငံရေးထောက်ခံမှုတွေလုပ်တယ်လို့သူမကိုပြောဆိုခဲ့တာကြောင့် သူမရဲ့လူမှုကွန်ရက်ကနေခုလိုပဲဖြေရှင်းလိုက်တာဖြစ်ပါတယ်။ကဲ လုပ်ကြပါအုံးကျွန်မ ဘာနိုင်ငံရေးမှမလုပ်ပဲ ကိုယိ့ဘာသာကိုယ် ရိုးသားစွာ သမာအာဇီဝကျကျ လုပ်ကိုင်ရှာဖွေစားသောက်နေတာကို ခြိမ်းခြောက်ပီး ဖမ်းမယိဆီးမယ် သိမ်းမယ်တကဲကဲ လုပ်နေပါတယ်…ကျွနိမဘာများလုပ်မိနေလို့လည်းရှင်….ကျွနိမ လသားခလေးလေးမွေးထားတာ 3လတောင်မပြည့်သေးဘူးဘာမှမလုပ်နိုင်ပါဘူးကျွနိမဘာသာ ဘာpost မှတောင်မတင်တော့တာလည်းကြာလှပီ…ဘာလို့ သူများမိသားစုတွေကို ဖျက်ဆီးပစ်ချင်ရတာလည်းပြောပြပါအုံးကဲ ဘယ်လိုလုပ်ကြမလည်းရှင်မိတ်ဆွေတွေလာပို့လို့သိရတာပါရှင့်တယ်လီဂရမ်လည်းမသုံးပါဘူးဆိုပြီးဖြေရှင်းခဲ့တာပါ။ပျော်ရွှင်မှုတွေနဲ့မိသားစုဘဝလေးကို မနာလိုသူတွေကြောင့် ဖျက်စီးခံရတော့မယ့် နှိုင်းယှဥ်အတွက်လည်း ပရိသတ်ကြီး အားပေးစကားတွေနဲ့နှစ်သိမ့်ပေးကြပါဦးနော်။