တွန်းလှည်းထဲကနေ မတ်တပ်ရပ်ပြီး လျှောက်သွားနေတဲ့ မြေးမလေးကို အနောက်ကနေ လိုက်ထိန်းပေးနေတဲ့ စည်ဖြိုးမိခင်ရဲ့ဗီဒီယိုဖိုင်

အနုပညာလောကမှာလည်း ရိုးသားစွာနဲ့ပရိသတ်တွေကိုဖျော်ဖြေပေးရင်း ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ စည်ဖြိုးနဲ့ခင်လွှမ်းတို့မိသားစုလေးပဲဖြစ်ပါတယ်။ပရိသတ်တိုင်းအားကျရတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားပြီး….သူတို့မိသားစုရဲ့ ဖြူစင်ပြီး သူတစ်ပါးအပေါ်ကူညီလှုဒါန်းတဲ့စိတ်လေးတွေကြောင့် မိသားစုတစ်ခုလုံးကို ပရိသတ်တွေချစ်နေရတာပါ။

အနုပညာအလုပ်တွေလုပ်တုန်းကလည်း အောင်မြင်မှုတွေနဲ့ရပ်တည်နိုင်ခဲ့သူတစ်ယောက်ပါ။ခုမှာတော့ သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေပါတယ်။စည်ဖြိုးရဲ့ ​ခင်ပွန်းဝတ္တရားကျေပြွန်မှုတွေကြောင့်လဲ ခင်လွှမ်းကိုတော့မိန်းကလေးတိုင်းအားကျနေရတာပါ။

သူတို့မိသားစုလေးဟာသမီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်မှာတင်ပေးလေ့ရှိပြီး ပရိသတ်တိုင်းချစ်မဝဖြစ်နေရတာပါ။ခုမှာလည်း မြေးလေးကိုကြည့်ရင်းချစ်မဝဖြစ်နေတဲ့ စည်ဖြိုးရဲ့မိခင်နဲ့သမီးလေးဆော့ကစားနေတဲ့ video လေးကိုတင်ထားတာပါ။အရင်ကတည်းက ချွေးမလေးကိုသမီးရင်းတစ်ယောက်ကိုချစ်ရတဲ့ စည်ဖြိုးအမေတစ်​ယောက်မြေးလေးရောက်ရှိလာ့ ဘယ်လိုကြည်နူးရလဲဆိုတာတော့ အောက်က video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.