တစ်ချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သူကတော့ သဥ္ဇာနွယ်ဝင်းပဲဖြစ်ပါတယ်။ သူမကတော့ အောင်မြင်နေရင်းနဲ့ပဲ ရုတ်တရက် အိမ်ထောင်ပြုလိုက်ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့သူတစ်ယောက်ပါ။အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာလောကမှ အချိန်တော်ကြာပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။
ပထမဆုံးသားလေးမွေးဖွားချိန်မှာ ပရိသတ်ရှေ့ကိုပြန်ရောက်လာခဲ့ပေမယ့် ပရိသတ်တွေက ယနေ့အချိန်ထိတိုင်အောင် အချစ်တွေမလျော့ပဲ ချစ်နေတုန်းပါ။ သားလေးတွေကလည်း ချစ်စရာကောင်းတာကြောင့် မေ့မေ့ကိုရော ကလေးတွေကိုပါ ချစ်နေရတာပါ။ လူမှုကွန်ရက်ကနေလည်း သူမရဲ့လှုပ်ရှားမှုလေးတွေ မိသားစုပုံရိပ်လေးတွေကို အမြဲတင်ပေးလေ့ရှိပါတယ်။
ခုမှာလည်း လူမှုကွန်ရက်ကနေ လွန်ခဲ့တဲ့ 2017 တုန်းက မင်္ဂလာဆောင်တဲ့ပုံရိပ်လေးကို ပြန်ဝေမျှထားခဲ့တာပါ။အချိန်တွေ ကြာခဲ့ပေမယ့် သူတို့မိသားစုလေးက ပရိသတ်တွေအမြဲအားကျပြီး နွေးထွေးနေတာဖြစ်ပါတယ်။ သဥ္ဇာနွယ်ဝင်းကိုယနေ့ချိန်ထိချစ်ပေးနေတဲ့ ပရိသတ်ကြီးလည်း သူမရဲ့ မင်္ဂလာဆောင်ပုံရိပ်လေးတွေကိုကြည့်ပြီး အားပေးကြပါဦးနော်။