ဒီစာဟာ ကိုယ့်အတွက်ပဲကြည့်တက်သော တဘို့ တည်းသမား များဖြစ်ကြတဲ့ ဒလံတွေ အတွက် အိတ်ဖွင့် ပေးစာလေး ပါ ဗျာ

ဒီစာဟာ ကိုယ့်အတွက်ပဲကြည့်တက်သော တဘို့ တည်းသမား များဖြစ်ကြတဲ့ ဒလံတွေ အတွက် အိတ်ဖွင့် ပေးစာလေး ပါ ဗျာ

အခုစာကိုဖတ်နေတဲ့ထဲမှာ ဒလံပါကောင်းပါနိုင်ပါတယ်။ ပါရင် ဒီစာဟာ ဒလံများ အတွက်ပေးစာပါ။ ခင်ဗျား တို့မျက်နှာလုပ်ပြီးသူပုန်တွေကိုဖုန်းလေးဆက်တဲ့အခါအဖ မ်းခံရမယ့်သူတွေဟာအရို က်ခံရနိုင်တယ်အသ က်ခံနိုင်ရတယ် ဆိုတာသိသိကြီးကြီးနဲ့ဘယ်လိုစိတ်နဲ့များပျော်ပျော်ကြီးဖုန်းဆက်နိုင်တာလဲခင်ဗျာ။ ခင်ဗျားတို့ရဲ့အသ က်တစ်ချောင်း တန်ဖိုးထားတယ်မလား။ အဖ မ်းခံရမယ့်သူမှာလည်းအသ က်ပိုမပါပါဘူး။ ခင်ဗျားမှာလည်း

မိသားစုရှိတယ်မလား။ အဖ မ်းခံရမယ့်သူမှာလည်း အိမ်အပြန်စောင့်မျှော်နေတဲ့ကလေးလေးတွေ မိဘတွေရှိပါတယ်။အားလုံးကဒီအချိန်မှာလူတွေကိုရ က်ရ က်စ က်စ က်သ က်နေတဲ့အာဏာရှင်ကို တိုက်ထုတ်နေကြတာပါဗျာ။ ဒီတိုက်ပွဲပြီးလို့အသ က်ရှင်ကျန်ရစ်တဲ့အခါခင်ဗျားသားသမီးတွေသမိုင်းပြန်မေးတဲ့ အခါခင်ဗျားတို့အာဏာရှင်ကိုဂုဏ်ယူစွာနဲ့ထောက်ပံ့ခဲ့တယ်လို့ဂုဏ်ယူပြီးဖြေဖို့လိပ်ပြာလုံနိုင်လားခင်ဗျာ။

ခင်ဗျားဘဝကောင်းစားဖို့ခင်ဗျားနဲ့ရွယ်တူ ခင်ဗျားထက်အသက်ကြီးတဲ့သူ ခင်ဗျားသားသမီးနဲ့ရွယ်တူတွေရဲ့ေ သွးတွေမျက်ရည်တွေနဲ့သူတို့ ဘဝကိုချနင်းသွားတာခင်ဗျားလိပ်ပြာသန့်သန့် ဆက်လက်‌‌ပျော်ရွှင်စွာနေနိုင်မယ်ထင်ပါသလား။ ခင်ဗျားရဲ့မျိုးဆက်ဟာအာဏာရှင်စနစ်အောက်မှာ အသိဉာဏ်တွေပိတ်အတွေး အခေါ်တွေပိတ် ညံ့ဖျင်းလှတဲ့ပညာရေးစနစ်နိမ့်ကျတဲ့လူနေမှုဘဝနဲ့ကြီးပြင်းရမှာနော်။ ဒါကြောင့်ခင်ဗျား

သတင်းမပေးခင်သေချာလေးပြန်စဉ်းစားပေးပါဦး။ ခင်ဗျားကိုယ်တိုင်ခင်ဗျား ပြောင်းလဲနိုင်ပါတယ်။ ကျနော်တို့ အားလုံးရှိသင့်တဲ့မာနလေးကလေဗျာ။ဩဇာရှိတဲ့သူ အာဏာရှိတဲ့သူကိုမျက်နှာလုပ်ရတာဟာ ရှက်စရာကောင်းတယ်ဆိုတဲ့မာနလေးထားကြရအောင်ဗျာ။ အမှန်တရားဘက်အားနည်းတဲ့ဘက်မှာရပ်တည်ပေးနိုင်တဲ့လူသားဆန်တဲ့ စိတ်ဓာတ်တွေမွေးမြူကြရအောင်ပါလားခင်ဗျာ။

ပြောင်းလဲဖို့အချိန်မှီပါသေးတယ်ခင်ဗျာ။ အသ က်ပေါင်းများစွာကယ်တင်နိုင်မယ့် လူသားတစ်ယောက်ဖြစ်ဖို့အခွင့်အရေးခင်ဗျားမှာပိုင်ဆိုင်ထားပါတယ်ခင်ဗျာ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်း အထူးတင်ရှိပါတယ်နော်။

Zawgyi

ဒီစာဟာ ကိုယ့္အတြက္ပဲၾကည့္တက္ေသာ တဘို႔ တည္းသမား မ်ားျဖစ္ၾကတဲ့ ဒလံေတြ အတြက္ အိတ္ဖြင့္ ေပးစာေလး ပါ ဗ်ာ

အခုစာကိုဖတ္ေနတဲ့ထဲမွာ ဒလံပါေကာင္းပါႏိုင္ပါတယ္။ ပါရင္ ဒီစာဟာ ဒလံမ်ား အတြက္ေပးစာပါ။ ခင္ဗ်ား တို႔မ်က္ႏွာလုပ္ၿပီးသူပုန္ေတြကိုဖုန္းေလးဆက္တဲ့အခါအဖ မ္းခံရမယ့္သူေတြဟာအ႐ို က္ခံရႏိုင္တယ္အသ က္ခံႏိုင္ရတယ္ ဆိုတာသိသိႀကီးႀကီးနဲ႔ဘယ္လိုစိတ္နဲ႔မ်ားေပ်ာ္ေပ်ာ္ႀကီးဖုန္းဆက္ႏိုင္တာလဲခင္ဗ်ာ။ ခင္ဗ်ားတို႔ရဲ႕အသ က္တစ္ေခ်ာင္း တန္ဖိုးထားတယ္မလား။ အဖ မ္းခံရမယ့္သူမွာလည္းအသ က္ပိုမပါပါဘူး။ ခင္ဗ်ားမွာလည္း

မိသားစုရွိတယ္မလား။ အဖ မ္းခံရမယ့္သူမွာလည္း အိမ္အျပန္ေစာင့္ေမွ်ာ္ေနတဲ့ကေလးေလးေတြ မိဘေတြရွိပါတယ္။အားလုံးကဒီအခ်ိန္မွာလူေတြကိုရ က္ရ က္စ က္စ က္သ က္ေနတဲ့အာဏာရွင္ကို တိုက္ထုတ္ေနၾကတာပါဗ်ာ။ ဒီတိုက္ပြဲၿပီးလို႔အသ က္ရွင္က်န္ရစ္တဲ့အခါခင္ဗ်ားသားသမီးေတြသမိုင္းျပန္ေမးတဲ့ အခါခင္ဗ်ားတို႔အာဏာရွင္ကိုဂုဏ္ယူစြာနဲ႔ေထာက္ပံ့ခဲ့တယ္လို႔ဂုဏ္ယူၿပီးေျဖဖို႔လိပ္ျပာလုံႏိုင္လားခင္ဗ်ာ။

ခင္ဗ်ားဘဝေကာင္းစားဖို႔ခင္ဗ်ားနဲ႔႐ြယ္တူ ခင္ဗ်ားထက္အသက္ႀကီးတဲ့သူ ခင္ဗ်ားသားသမီးနဲ႔႐ြယ္တူေတြရဲ႕ေ သြးေတြမ်က္ရည္ေတြနဲ႔သူတို႔ ဘဝကိုခ်နင္းသြားတာခင္ဗ်ားလိပ္ျပာသန႔္သန႔္ ဆက္လက္‌‌ေပ်ာ္႐ႊင္စြာေနႏိုင္မယ္ထင္ပါသလား။ ခင္ဗ်ားရဲ႕မ်ိဳးဆက္ဟာအာဏာရွင္စနစ္ေအာက္မွာ အသိဉာဏ္ေတြပိတ္အေတြး အေခၚေတြပိတ္ ညံ့ဖ်င္းလွတဲ့ပညာေရးစနစ္နိမ့္က်တဲ့လူေနမႈဘဝနဲ႔ႀကီးျပင္းရမွာေနာ္။ ဒါေၾကာင့္ခင္ဗ်ား

သတင္းမေပးခင္ေသခ်ာေလးျပန္စဥ္းစားေပးပါဦး။ ခင္ဗ်ားကိုယ္တိုင္ခင္ဗ်ား ေျပာင္းလဲႏိုင္ပါတယ္။ က်ေနာ္တို႔ အားလုံးရွိသင့္တဲ့မာနေလးကေလဗ်ာ။ဩဇာရွိတဲ့သူ အာဏာရွိတဲ့သူကိုမ်က္ႏွာလုပ္ရတာဟာ ရွက္စရာေကာင္းတယ္ဆိုတဲ့မာနေလးထားၾကရေအာင္ဗ်ာ။ အမွန္တရားဘက္အားနည္းတဲ့ဘက္မွာရပ္တည္ေပးႏိုင္တဲ့လူသားဆန္တဲ့ စိတ္ဓာတ္ေတြေမြးျမဴၾကရေအာင္ပါလားခင္ဗ်ာ။

ေျပာင္းလဲဖို႔အခ်ိန္မွီပါေသးတယ္ခင္ဗ်ာ။ အသ က္ေပါင္းမ်ားစြာကယ္တင္ႏိုင္မယ့္ လူသားတစ္ေယာက္ျဖစ္ဖို႔အခြင့္အေရးခင္ဗ်ားမွာပိုင္ဆိုင္ထားပါတယ္ခင္ဗ်ာ။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္း အထူးတင္ရွိပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *