တန်ဖိုးရှိတဲ့ပြည်သူတွေရဲ့ သွေ း တွေ ထပ်ပြီး မြေမကျရအောင် အချိန်တခုကိုသည်းခံစောင့်ဆိုင်းမှ ဖြစ်မယ်လို့ ဆိုလာတဲ့ ခါရာ..
တန်ဖိုးရှိတဲ့ပြည်သူတွေရဲ့ သွေ း တွေ ထပ်ပြီး မြေမကျရအောင် အချိန်တခုကိုသည်းခံစောင့်ဆိုင်းမှ ဖြစ်မယ်လို့ ဆိုလာတဲ့ ခါရာ..
ပြည်သူတွေနဲ့ မျိုးဆက်သစ်လူငယ်တွေက အားကြိုး မာန်တက်ဖြင့် အမှန်တရားကိုလိုလားကြတဲ့ လူထုလှုပ်ရှားမှုတွေထဲမှာ အနုပညာရှင်များစွာကလည်း ပူပေါင်းပါဝင်ပြီး ရပ်တည်ပေးခဲ့ကြပါတယ်။..
လူငယ်တွေနဲ့ ပူးပေါင်းပါဝင်လှုပ်ရှားကြတဲ့ အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင် ခါရာက တက် တက်ကြွကြွ ပါဝင်တာ တွေ့ရပါတယ်။တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် တာဝန်သိပြည်သူတစ်ယောက်..
အနေနဲ့ အောင် မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး လူထုလှုပ် ရှားမှုတွေလည်း နေ့စဉ်ဆိုသလို တစ် သားတည်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။ဒါ့အပြင် ခါရာက တရားမျှတတဲ့ အနာဂတ်အခွင့်အရေးတွေကို..
အမြန်ဆုံးရရှိအောင် နိုင်ငံ့ဝန်ထမ်းများကို လူထုလှုပ် ရှားမှုတွေမှာ တက်ကြွစွာနဲ့ ပိုမိုပါဝင်ပေးကြဖို့ မြေပြင်နဲ့ လူမှုကွန်ယက်စာမျက် နှာတွေပေါ်မှာ တောင်းဆိုထားတာလည်းတွေ့ရပါတယ်။လတ်တလော လူထုလှုပ်ရှား.
မှုတွေမှာပါဝင်ရင်း လူငယ်တွေကြွေလွင့်နေရတာနဲ့ ပတ်သက်ပြီး နောက်ထပ် သွေ း မြေမကျရအောင် ခါရာက သူ့ရဲ့ လူမှုကွန်ယက်မှာပြည်သူတွေကို ပြောပြလာခဲ့ပါတယ်။ ” ကျွန်တော်တို့ပြည်သူတွေ..
သွေ း မြေကျတာတွေများနေပြီ ထပ်ပြီးတော့ မဆုံးရှုံးသင့်တော့ဘူး ပန်းတိုင်ကနီးနေပြီဗျ အရေးယူဖို့လည်း အဖွဲ့စည်းတွေက လုပ်နေကြပြီ CRPH ကိုအသိမှတ်ပြုဖို့လည်း သက်ဆိုင်ရာတွေက လှုပ်ရှားနေကြပြီ.
တော်တော်လည်းခရီးရောက်နေပြီ ဒီအချိန်မှာ ကျွန် တော်တို့ ပြည်သူတွေပိုပြီး သည်းခံရမယ်ထင်တယ်ဗျ အချိန်တစ်ခုတော့ သည်းခံပြီး စောင့်ရမယ်ထင်တယ် ထိပ်တိုက် (လုံးဝ) မတွေ့သင့်တော့ဘူး ….
သူတို့လာတာနဲ့ အခြေနေကြည့်ပြီး ရှောင်နေတာ ပိုကောင်းမယ်ထင်ပါတယ်….သူတို့တွေ မလာသေးရင်ဆက်ပြီး ဆန္ဒထုတ်ဖော်ကြမယ်…. international attention ကလည်း အရေးကြီးတယ်ဆိုပေမဲ့..
ကျွန်တော်တို့ပြည်သူတွေရဲ့ တန်ဖိုးရှိတဲ့ အသက် သွေ း တွေက ပိုရေးကြီးတယ်ဗျ အရေး တော်ပုံ မုချအောင်ရမည် ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ..ခါရာရဲ့ ရေးသားဖော်ပြလာတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ အမြင်လေးကိုလည်း ပြောပြပေးပါဦး။
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *