ထိုင်းမင်းသမီးလေး လုပ်ခိုင်းတဲ့အတိုင်းမဖြစ်သွားဘဲ တလွဲတွေလုပ်ပြနေမိတဲ့အတွက် ရှက်ပြုံးလေး ပြုံးနေတဲ့ ဒေါင်းရဲ့ဗီဒီယိုဖိုင်

Smartကျပြီး မျက်နှာလေးမြင်ရုံနဲ့ ကောင်မလေးတွေရဲ့နှလုံးသားကိုလှုပ်ခတ်နိုင်တာကတော့ သရုပ်ဆောင် ဒေါင်းပဲဖြစ်ပါတယ်။ သူကတော့ မိန်းကလေးပရိသတ်တွေသာမက လူကြီးလူငယ်မရွေးချစ်ပြီးအားပေးနေရတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အနုပညာလောကမှာ အချိန်တော်ကြာ အောင်မြင်မှုတွေနဲ့ ထိပ်တန်းမင်းသားတစ်ယောက်အဖြစ်နဲ့ရပ်တည်နေတာပါ။

သူကတော့ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ (၁)ရက်နေ့ အာဏာသိမ်းလိုက်ချိန်ကတည်းက တော်လှန်ရေးမှာပါဝင်လှုပ်ရှားခဲ့တာပါ။ဒါကြောင့် ဝရမ်းထုတ်ခံရပြီးထွက်ပြေးပုန်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ ထွက်ပြေးပုန်းရှောင်နေခဲ့ပေမယ့်လည်းတော်လှန်ရေးအတွက် တက်နိုင်တဲ့ဘက်ကပါဝင်ကူညီနေကြတာဖြစ်ပါတယ်။

ပရိသတ်တွေနဲ့လည်း အဆက်သွယ်ပြတ်ခဲ့ရပေမယ့် ခုမှာတော့ ပရိသတ်ရှေ့ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ သူကတော့လက်ရှိမှာ ထိုင်းနိုင်ငံမှာရှိနေတာဖြစ်ပြီး ထိုင်းမင်းသမီးနဲ့အတူ အနုပညာအလုပ်တွေကိုပြန်လုပ်ကိုင်နေတာပါ။ ခုမှာလည်း ထိုင်းမင်းသမီးနဲ့ ရိုက်ကွင်းလေးမှာ Tiktok ဆော့နေတဲ့ video လေးပျံ့နှံ့နေခဲ့တာပါ။ပရိသတ်တွေလည်း မတွေ့ရတာကြာပြီဖြစ်တဲ့ ဒေါင်းရဲ့video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.