ဖခင်ဖြစ်သူရဲ့နာမည်အား အလွဲသုံးစားလုပ်ပြီးလိမ်စားနေတဲ့ အမျိုးသမီးတစ်ဦးရဲ့အကြောင်းကိုထုတ်ဖော်ပြောပြလိုက်တဲ့ နွေးနွေးချစ်ဖွယ်

အနုပညာလောကမှာလည်းချစ်သူခင်သူတွေများပြီး ပရိသတ်အချစ်တော်ဖြစ်နေရတာကတော့ နွေးနွေးချစ်ဖွယ်ပဲဖြစ်ပါတယ်။ သူမဟာ အရင်ခေတ်ကတည်းကနေခုချိန်ထိ ပရိသတ်အားပေးမှုတွေများစွာနဲ့အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ခုမှာလည်း လူမှုကွန်ရက်ကနေ Liveလွှင့်စျေးရောင်းနေတာဖြစ်ပြီး အားပေးတဲ့ပရိသတ်အပြည့်နဲ့အောင်မြင်နေတာပါ။

သူမကတော့ အသက်အရွယ်ရလာပြီဖြစ်တာကြောင့် ကွဲကွာသွားတဲ့ သူတို့မိသားစုလေးကို ပြန်ဆုံစည်းချင်နေတာဖြစ်ပါတယ်။ဒါကြောင့် သူကိုယ်တိုင် အဖေနဲ့အမေတူတူရှိဖို့ကြိုးစားနေတာဖြစ်ပါတယ်။ သူမျှော်မှန်းထားတဲ့မိသားစုဘဝလေးကိုရောက်ဖို့မျှော်မှန်းထားတာကြောင့်သူမကဟာကြိုပြီးတော့ကြည်နူးနေရတာပါ။

ဒါပေမယ့်လည်း အဖျက်တွေကဝင်လာခဲ့ပြန်တာဖြစ်ပြီး ခုလိုပဲသူမလူမှုကွန်ရက်ကနေရှင်းလင်းခဲ့ပါတယ်။ အရှုပ်ထဲတွင်ရှင်းအောင်နေပါသည် မြို့တော်ချစ်ဖွယ် ၏ ပထမဇနီး မှ အေးအေးနွယ်ဌင်းတို့တွင် တစ်ဦးတည်းသောသမီး နွေးနွေးချစ်ဖွယ် တစ်ယောက်ပဲ သားသမီးထွန်းကားခဲ့ပါသည် ယခုတွင် အတူပြန်နေထိုင်နိုင်ဖို့ ကျွန်မ ကြိုးစားနေပါသည် မအောင်မြင်သေးပါ။မြင့်မြင့်စိန် မှ ဖခင်၏ ဒုတိယ ဇနီးဖြစ်ပါသည် ကွယ်လွန်သွားသည်မှ ၁နှစ်နီးပါးရှိပါပြီ မြေချရာတွင်လဲ ကျွန်မကိုယ်တိုင်ကိုယ်ကျ လိုက်ပါဆောင်ရွတ်ပေးခဲ့သူပါ။ယခု ဖခင်၏ နာမည် အလွဲ သုံးစားလုပ်၍ မြို့တော်ချစ်ဖွယ် ၏ဇနီးပါဆိုကာဘယ်က မြင့်မြင့်စိန်မှန်းမသိ ဘွားတော်တပါး မြေများ လိုက်လိမ်စားနေပါသည်။တရားလဲ မစွဲပါ အသက်ကြီးနေတော့ သနားလို့ပါ။မိတ်ဆွေများ စိတ်ပူ၍လာမေးပါသဖြင့်မပြောပြချင်ပဲ ပြောပြရပါသည်။ထပ်ပြီးအသေးစိတ်သိချင်ရင် ကျွန်မ မန်နေဂျာသို့ တိုက်ရိုက် ဒဲ့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ဆိုပြီးဖြေရှင်းခဲ့တာပါ။

Leave a Reply

Your email address will not be published.