ရင်သွေးလေး လွယ်ထားရလို့မပေါ့မပါးဖြစ်နေတဲ့ ချစ်ဇနီးလေး အားမငယ်ရအောင် ပါရမီဖြည့်ပေးခဲ့တဲ့ သူထူးစံ

ဖိုက်တာအက်ရှင်ဇာတ်ကားအများစုနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့တာကတော့ သူထူးစံပဲဖြစ်ပါတယ်။ သူကတော့တစ်ခေတ်တစ်ခါက အအောင်မြင်ဆုံးသူတစ်ယောက်အဖြစ်ယနေ့အချိန်ထိတိုင်ရပ်တည်​နေနိုင်တာပါ။ မှော်ဝင်သမာန်းကျားဇာတ်ကားကြီးနဲ့အကယ်ဒမီဆုကို ရယူပြီး အနုပညာလောကမှပျောက်သွားခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်လေးမှာတော့ပရိသတ်တွေအတွက်ပုံလေးတွေတင်ပေးလေ့ရှိပါတယ်။ သူထူးစံဟာခုချိန်မှာ ချစ်ဇနီးလေးနဲ့အတူပျော်ရွှင်စရာအချိန်လေးကိုဖြတ်သန်းနေတာပါ။ မကြာမီမှာလည်း မိသားစုဝင်သစ်လေးဖြစ်လာမယ့် ရင်သွေးလေးအတွက် ခုချိန်ကတည်းကစိတ်လှုပ်ရှားနေတာပါ။

ကိုယ်ဝန်ရင့်မာလာတာကြောင့် သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေတာပါ။ ခုမှာလည်း ချစ်ဇနီးလေးနဲ့တူတူ “မိန်းမ ဗိုက်ကလေးပူနေလို့ စိတ်အားမငယ်ရအောင်ကိုယ်ပါလိုက်ပူပေးလိုက်တယ် ကိုယ်ကဗိုက်ပိုပူတယ်”ဆိုတဲ့အမိုက်စားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *