ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ အသံတိတ်သပိတ်ကြီးမှာအသီးသီး ပါဝင်ခဲ့ကြတဲ့အနုပညာရှင်များ

ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ အသံတိတ်သပိတ်ကြီးမှာအသီးသီး ပါဝင်ခဲ့ကြတဲ့အနုပညာရှင်များ

ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းတွေထိနေရာယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာဆိုရင် ခုချိန်ထိ လှုပ်ရှားမှုမျိုးစုံနဲ့ အရှိန်အဟုန်ကောင်းနေဆဲပါ။ပြည်သူအားလုံးက ရဲရင့်ကြသလို Gen Y Gen Z တွေရဲ့ တီထွင်နိုင်မှုတွေ ပေါင်းစပ်နိုင်ခဲ့တာကြောင့် နိုင်ငံအသီးသီးကလေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေဆိုရင် ဒီလူထုလှုပ်ရှားမှုကြီးဟာ တစ်လကျော်လာကြာခဲ့ပါပြီ။

ပြည်သူတွေကလည်း တစ်ရက်မှစိတ်ဓာတ်မကျသွားဘဲ နည်းမျိုးစုံသုံးကာ နွေဦးတော်လှန်ရေးကြီး အောင်မြင်ရန် ယုံကြည်ချက်တွေအပြည့်နဲ့ စည်းလုံးညီညွတ်စွာ ရရာနေရာကနေ လူကြီး လူငယ်မရွေးပါဝင်လှုပ်ရှားနေကြတာပါ။ ဒီနေ့ မတ်လ (၂၄) ရက်နေ့မှာဆိုရင်လည်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ အသံတိတ်သပိတ်ဆိုတဲ့ လှုပ်ရှားမှုကြီးကို အားလုံးညီညီညွတ်ညွတ်နဲ့ပါဝင်ခဲ့ကြတာကို လေးစားစွာတွေ့မြင်ရပါတယ်။

နေရာအနှံအပြားရှိ ဆိုင်တွေ ဈေးတွေ အကုန်ပိတ်ကာ ပြည်သူများကလည်း အတတ်နိုင်ဆုံး မိမိတို့အိမ်ထဲပဲနေထိုင်ကာ ဆန္ဒပြခဲ့ကြရာ ကမ္ဘာတစ်ဝှမ်းက သတင်းတွေထိပျံ့နှံ့ခဲ့သည်အထိအောင်မြင်ခဲ့ပါတယ်။ဒါ့အပြင် အနုပညာရှင်တွေအများအပြားကလည်း ဒီအသံတိတ်သပိတ်ကြီးမှာ အားတတ်သရောပါဝင်ခဲ့ကြကာ သရုပ်ဖော်ပုံများကိုလည်း ကမ္ဘာကသိအောင် သူတို့ရဲ့ဖေ့ဘွတ်စာမျက်မှာတွေထက်မှာဖော်ပြခဲ့ပါတယ်။

Zawgyi

ျပည္သူထဲက ျပည္သူတစ္ေယာက္အေနနဲ႔ အသံတိတ္သပိတ္ႀကီးမွာအသီးသီး ပါဝင္ခဲ့ၾကတဲ့အႏုပညာရွင္မ်ား

ကမာၻတစ္ဝွမ္းရဲ႕ သတင္းေတြထိေနရာယူခဲ့တဲ့ ျမန္မာႏိုင္ငံရဲ႕ ေႏြဦးေတာ္လွန္ေရးႀကီးဟာဆိုရင္ ခုခ်ိန္ထိ လႈပ္ရွားမႈမ်ိဳးစုံနဲ႔ အရွိန္အဟုန္ေကာင္းေနဆဲပါ။ျပည္သူအားလုံးက ရဲရင့္ၾကသလို Gen Y Gen Z ေတြရဲ႕ တီထြင္ႏိုင္မႈေတြ ေပါင္းစပ္ႏိုင္ခဲ့တာေၾကာင့္ ႏိုင္ငံအသီးသီးကေလးစားခ်ီးက်ဴးေနၾကတာပါ။လူငယ္ေတြကလည္း ဘယ္ေလာက္ပဲအခက္အခဲေတြရွိေနပါေစ ေနာက္မဆုတ္ဘဲ ယုံၾကည္ခ်က္ေတြအတြက္ ေရွ႕ဆက္လွမ္းေနခဲ့တာ ဒီေနဆိုရင္ ဒီလူထုလႈပ္ရွားမႈႀကီးဟာ တစ္လေက်ာ္လာၾကာခဲ့ပါၿပီ။

ျပည္သူေတြကလည္း တစ္ရက္မွစိတ္ဓာတ္မက်သြားဘဲ နည္းမ်ိဳးစုံသုံးကာ ေႏြဦးေတာ္လွန္ေရးႀကီး ေအာင္ျမင္ရန္ ယုံၾကည္ခ်က္ေတြအျပည့္နဲ႔ စည္းလုံးညီၫြတ္စြာ ရရာေနရာကေန လူႀကီး လူငယ္မေ႐ြးပါဝင္လႈပ္ရွားေနၾကတာပါ။ ဒီေန႔ မတ္လ (၂၄) ရက္ေန႔မွာဆိုရင္လည္း ျမန္မာႏိုင္ငံတစ္ႏိုင္ငံလုံးမွာ အသံတိတ္သပိတ္ဆိုတဲ့ လႈပ္ရွားမႈႀကီးကို အားလုံးညီညီၫြတ္ၫြတ္နဲ႔ပါဝင္ခဲ့ၾကတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

ေနရာအႏွံအျပားရွိ ဆိုင္ေတြ ေဈးေတြ အကုန္ပိတ္ကာ ျပည္သူမ်ားကလည္း အတတ္ႏိုင္ဆုံး မိမိတို႔အိမ္ထဲပဲေနထိုင္ကာ ဆႏၵျပခဲ့ၾကရာ ကမာၻတစ္ဝွမ္းက သတင္းေတြထိပ်ံ႕ႏွံ႔ခဲ့သည္အထိေအာင္ျမင္ခဲ့ပါတယ္။ဒါ့အျပင္ အႏုပညာရွင္ေတြအမ်ားအျပားကလည္း ဒီအသံတိတ္သပိတ္ႀကီးမွာ အားတတ္သေရာပါဝင္ခဲ့ၾကကာ သ႐ုပ္ေဖာ္ပုံမ်ားကိုလည္း ကမာၻကသိေအာင္ သူတို႔ရဲ႕ေဖ့ဘြတ္စာမ်က္မွာေတြထက္မွာေဖာ္ျပခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *