မေမေကိုယ်တိုင်ဖန်တီးပေးထားတဲ့ ပန်းပွင့်လေးကို နားမှာပန်ဆင်ရင်း အမှတ်တရဓာတ်ဖမ်းထားတဲ့ ခေတ်ခေတ်လေး

တော်လှန်ရေးမှာ စည်းစိမ်တွေကိုတောင်စွန့်ပြီး နိုင်ငံအတွက် အစွမ်းကုန် ပါဝင်ကူညီပေးနေတာကတော့ လင်းလင်းနဲ့ချစ်သုဝေတို့မိသားစုလေးပဲဖြစ်ပါတယ်။အာဏာသိမ်းယူလိုက်ချိန်ကတည်းက အမှန်တရားအတွက်တိုက်ပွဲဝင်ရင်း ထွက်ပြေးပုန်းရှောင်နေခဲ့ရတာပါ။ ပင်ပန်းခက်ခဲမှုတွေကြုံခဲ့ရပေမယ့်လည်း တက်နိုင်တဲ့ဘက်ကပါဝင်တော်လှန်နေတာပါ။

မြန်မာနိုင်ငံရဲ့အအောင်ဆုံးသူတွေဖြစ်တာကြောင့် ဘဝကိုအေးဆေးစွာဖြတ်သန်းနိုင်ပေမယ့် မတရားတာကိုတော်လှန်နေတဲ့စိတ်ဓာတ်လေးကြောင့်အကုန်ချီးကျူးလေးစားခဲ့ရတာပါ။ ပရိသတ်အချစ်တော်တွေဖြစ်တာကြောင့် အမြဲစိတ်ပူနေရပေမယ့် အချစ်တွေလည်းမလျော့ပဲချစ်နေရတာပါ။ သူမဟာတော်လှန်ရေးရန်ပုံငွေလေးအတွက်လည်း သူမတက်တဲ့ပညာနဲ့ပါဝင်ကူညီနေကြတာပါ။

သူတို့မှာချစ်စရာကောင်းတဲ့ သမီးလေးတွေလည်းရှိပါသေးတယ်. ခေတ်နဲ့သစ်မှာ ဖေဖေမေမေတို့တင်သာမက ပရိသတ်တွေချစ်မဝဖြစ်နေကတဲ့သူလေးတွေပါ။ ခုမှာလည်းမေမေထိုးထားတဲ့ ပန်းလေးကို ခေတ်ခေတ်လေးကပန်ထားတာဖြစ်ပြီးပန်းသိပ်ကြိုက်တဲ့ခေတ်ခေတ်နဲ့ ကိုယ့်ပရိသတ်ကိုယ်ဆိုပြီး လူမှုကွန်ရက်မှာတင်ထားတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း မေမေ့ရဲ့ပန်းလေးနဲ့လှနေတဲ့ ခေတ်ခေတ်ရဲ့ပုံရိပ်လေးတွေကိုလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.