သူမကိုကြည့်ပြီး စကားတွေပြောနေတဲ့ သားလေးရဲ့အသည်းယားစရာ အမူအရာလေးကိုဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားတဲ့ မေမေအောန်ဆိုင်း

မိန်းကလေးတိုင်း အားကျရပြီး ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားတာကတော့ အောန်ဆိုင်းပဲဖြစ်ပါတယ်။လက်ထပ်တဲ့အချိန်ကတည်းက ယနေ့သားလေးမွေးဖွားပြီးချိန်ထိ သူမရဲ့ပုံရိပ်တိုင်းက ပရိသတ်တွေအားကျနေရတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း သူများနဲ့မတူတဲ့ ပုံရိပ်လေးတွေနဲ့ စိတ်ချမ်းသာအောင်နေခဲ့တာဖြစ်ပါတယ်။

သားလေးမွေးဖွားပြီးချိန်မှာလည်း သားလေးဟာ ဖိုးဖိုး၊ဖေဖေမေမေတို့ရဲ့အချစ်တော်ဖြစ်နေရပါပြီ။ မြေးဦးလေးလည်းဖြစ်တာကြောင့် ဖိုးဖိုးတို့ချစ်မဝသလို၊သားဦးဖြစ်တာကြောင့်လည်း ဖေဖေမေမေတို့ချစ်မဝဖြစ်နေရတာပါ။ သူတို့ဟာလက်ရှိမှာ အမေရိကမှာနေထိုင်နေတာလည်းဖြစ်ပါတယ်။

သားလေးပုံရိပ်လေးတွေကို instagram ကနေအမြဲတင်ပေးလေ့ရှိပြီး ပရိသတ်တွေစောင့်မျှော်ပြီးချစ်နေရတာပါ။ ခုမှာလည်းမေမေနဲ့တူတူ တွန်းလှည်းလေးနဲ့အပြင်ထွက်နေပြီဖြစ်ပါတယ်။ Video ရိုက်နေတာလေးကိုကြည့်နေတဲ့ချစ်စရာကောင်းတဲ့ပုံရိပ် video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *