မင်္ဂလာပွဲရက်ရွှေ့လိုက်ရတဲ့ နောက်ကွယ်ကအကြောင်းရင်းမှန်ကို ဖွင့်ဟပြောပြလာတဲ့ စိန်ဖြိုးလှိုင်တို့အတွဲလေးရဲ့ဗီဒီယိုဖိုင်

လူမှုကွန်ရက်မှာ တစ်ယောက်ကိုတစ်ယောက် ဆေးထိုးစနောက်တဲ့ပုံလေးတွေ video လေးတွေတင်ပေးလေ့ရှိတာက စိန်ဖြိုးနဲ့ ရီရီပွင့်ဖြူတို့စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့ရဲ့စနောက်နေတဲ့ချစ်စရာ video လေးကိုကြည့်ပြီး ပရိသတ်တွေချစ်မဝဖြစ်နေရတာပါ။ အစပိုင်းမှာ ပရိသတ်တွေသတိမထားမိကြပေမယ့် နောက်ပိုင်းမှာတော့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်ပဲ ပရိသတ်တွေချစ်ပြီးအားပေး လာကြတာပါ။

မကြာသေးခင်ကလည်း သူတို့ရဲ့ Pre Weeding ပုံရိပ်လေးတွေ လူမှုကွန်ရက်ကြားမှာ အတော် ရေပန်းစားခဲ့သေးတာပါ။ မကြာခင်မှာလည်း လက်ထပ်ဖို့အတွက် စီစဥ်ထားခဲ့ကြတာပါ။ ဒါပေမယ့် သူတို့စီစဥ်ထားတဲ့ရက်ထပ်နောက်ဆုတ်ရွေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း အိုမီခရွန်ဟာ မြန်မာနိုင်ငံမှာကူးစက်သူအရမ်းများလာခဲ့တာဖြစ်ပါတယ်။ ကူးစက်သူများလာပြီး ထပ်တိုးလာမယ့်ပုံရိပ်တွေမြင်နေရတာကြောင့် သူတို့ လက်ထပ်ပွဲလေးကိုရွေ့ဆိုင်းလိုက်ရတာပါ။ ပရိသတ်တွေလည်း အိုမီခရွန်တွေစလာပြီဖြစ်တာကြောင့် အရင်ကထက်ပိုကာကွယ်သင်ဖို့လိုအပ်ပြီဖြစ်ကြောင်းသတင်းပါးအပ်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published.