လတ်တလောထွက်ပေါ်နေတဲ့ ကောလဟလများအပေါ် စိတ်မကောင်းခြင်းများစွာဖြင့် ပြန်လည်ဖြေရှင်းလိုက်တဲ့ ရွှေထူး

တစ်ချိန်ကလူငယ်ပရိသတ်တွေကြားမှာ သူ့သီချင်းတွေကရေပန်းအစားဆုံးဖြစ်ခဲ့တာကတော့ အဆိုတော်ရွှေထူးပဲဖြစ်ပါတယ်။ နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရွှေမှုန်ရတီရဲ့ခင်ပွန်းလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာအနုပညာလောကမှာလည်းအောင်မြင်သူတွေဖြစ်တာကြောင့်ပရိသတ်တွေအားကျခဲ့ရတာဖြစ်ပါတယ်။

ဒါမယ့် သူတို့ဟာ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးမကြာခင်ကတည်းက ပရိသတ်တွေနဲ့အဆက်သွယ်ပြတ်ခဲ့ပြီး လွန်ခဲ့တဲ့ရက်ပိုင်းကမှာ လူမှုကွန်ရက်မှာပြန်တွေ့ခဲ့တာပါ။ ဝေဖန်မှုတွေရှိသလိုချစ်နေတဲ့သူတွေလည်းရှိတာပါ။ ဒါကြောင့်မနာလိုလူတစ်ခုရဲ့ အရင်က Challenge တစ်ခုနဲ့တိုက်ခိုက်တာခံနေရပြီးခုလိုပဲဖြေရှင်းခဲ့တာပါ။

Tiktok Profile တစ်ခုကနေ Shwe Htoo ရဲ့ Challenge ဆိုပြီး အရင်တုန်းကရိုက်ထားတာပြန်တင်လာတယ် … အထင်လွဲကြပြန်တယ်။Popular ဆိုတဲ့ Journal ကလည်း ဟိုတလောကအရင်တုန်းကရိုက်ထားတဲ့ Covid အတွက်ဘာညာဆိုပြီးတက်လာတယ်အထင်လွဲကြပြန်ရော။ဒီအခြေအနေတွေမဖြစ်ခင်ကတည်းကရိုက်ထားပြီးသားတွေ ခုချိန် ပြန်တင်ပြီး ဆဲခံရအောင်လုပ်နေတာတော့စိတ်မကောင်းဘူးဗျို့။သတင်းလုပ်ချင်ရင် အခြားဟာနဲ့လုပ်ကြပါဗျာ။

ဘယ်သူ့ကိုမှလည်း အကျင့်လိုက်ယုတ်မနေပါဘူးဗျာတော်ရုံပဲလုပ်ကြပါဗျာ။ကျွန်တော် ညဏ်သိပ်မကောင်းဘူးလို့ထင်ရပေမယ့် ပရိသတ် ပြည်သူနဲ့ Against ဖြစ်မယ့်အရာ ဒီအချိန်မှာ ထလုပ်ရလောက်အောင်ထိ သတ္တိမရှိသေးပါဘူး။မရေးဘူးလုပ်ပေမယ့်တစ်ချို့ကျ Personal မကျေနပ်ချက်တွေရောပြီးဒီအချိန်မှာတော့ရေနစ်သူချင်းတော့ ဝါးကူမထိုးကြပါနဲ့ဗျာလူတိုင်းကိုယ့်အပူနဲ့ကိုယ်ပါဗျာ။မျက်ရည်လည်းမချူဘူး စိတ်လည်းမတိုဘူးဒါမျိုးကကိုယ်တစ်ယောက်တည်းခံနေရတာမဟုတ်ဘူးဆိုတာလည်းသိပါတယ်

မုန်းတဲ့လူကတော့ မုန်းမှာပဲဆိုပေမယ့် ချစ်နေဆဲသူတွေကိုတော့အထင်မလွဲစေချင်လို့ပါကျွန်တော့်လောက်စာအရှည်ကြီးတွေဖတ်ရတာမုန်းတာကျွန်တော်ပဲခုလည်း ကျွန်တော်ကိုယ်တိုင်စာအရှည်ကြီးရေးမိပြန်ပြီ မှားတာရှိဝန်တာမိပါဗျာ ဆိုပြီးဖြေရှင်းခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.