အစ်မဖြစ်သူနဲ့ ချစ်သူလေးတို့ သွေးကွဲသွားအောင် ကြားကနေ နည်းအမျိုးမျိုးနဲ့ ဆေးထိုးနေတဲ့ စိန်ဖြိုးလှိုင်

တစ်ယောက်ကိုတစ်ယောက်စနောက်ပြီး ချစ်မဝဖြစ်နေတာကတော့ စိန်ဖြိုးနဲ့ရီရီပွင့်ဖြူတို့ပဲဖြစ်ပါတယ်။ သူတို့ဟာနောက်ပိုင်း လူမှုကွန်ရက်မှာ တစ်ယောက်ကိုတစ်ယောက်စနောက်ပြီး ပရိသတ်တွေကိုပါအပျော်တွေကူးစက်စေတဲ့သူတွေပဲဖြစ်ပါတယ်။ အမြဲစနောက်လေ့ရှိပေမယ့် စိတ်ကောက်ကြတာမရှိပဲအချစ်တွေပိုနေကြတာပါ။

မကြာခင်လက်ထပ်ပွဲကျင်းပဖို့စီစဥ်ထားကြပေမယ့် ကိုဗစ်တွေတိုးလာတာကြောင့် ရွေ့ဆိုင်းခဲ့ရပါတယ်။ ပရိသတ်တွေကလည်းသူတို့နှစ်​ယောက် လက်ထပ်ပွဲလေးရွေ့ဆိုင်းခဲ့ရတာကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် သူတို့နှစ်ယောက်ရဲ့တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေကြောင့် ကြည်နူးခဲ့ရပါသေးတယ်။သူတို့နှစ်ယောက်ကိုဆို ပရိသတ်တွေကအမြဲချစ်ခင်ပြီး အားပေးနေရတာပါ။

ခုမှာလည်း တစ်ယောက်ကိုတစ်ယောက်အပြန်လှန်စနောက်တက်တဲ့ စိန်ဖြိုးက ရီရီပွင့်ဖြူကိုပုံလေးတစ်ပုံနဲ့ဆေးထိုးလိုက်တာပါ။ မလတ် အပင်တွေတော့ သနားပါတယ်၊ ဒေါ်စိုက်သေ ကြီး လိုက်ကိုင်ကြည့်နေတယ်…..ဆိုပြီးစနောက်နေတာပါ။ ဒေါ်စိုက်သေကြီးဘယ်သူလဲဆိုတာတော့ အောက်ကပုံရိပ်လေးတွေကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.