မကြာသေးခင်က ပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့ကလပ်တစ်ခုမှာ ဖြစ်သွားခဲ့တဲ့ အခြေအနေဆိုးတစ်ခုအား ဖွင့်ဟပြောပြလာတဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်ဆိုတာနဲ့ မြန်မာနိုင်ငံကအားပေးသူအပြည့်ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အမေရိကားမှာသွားရောက်နေထိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို အလည်လောက်သာ ပြန်လာသူ တစ်ယောက်ဖြစ်ပါတယ်။မြန်မာနိုင်ငံ ပြန်လာချိန်လေးမှာလည်း အနုပညာအလုပ်လေးတွေလုပ်လေ့ရှိပြီးပရိသတ်ချစ်​နေရတာပါ

သူကတော့ အမေရိကားမှာနေထိုင်ပေမယ့်လည်း လူမှုကွန်ရက် instagram ကနေတစ်ဆင့်ပရိသတ်တွေနဲ့မပြတ်ရှိနေသူပါ။ မကြာခင်အချိန်တွင်းကချစ်သူနဲ့လမ်းခွဲခဲ့တာကြောင့်အသည်းကွဲနေတာဖြစ်ပြီး ပျောက်နေတဲ့အကြောင်းကိုခုလိုရှင်းပြခဲ့တာပါ။ ကျွန်​တော် နဲ့ သူနဲ့ ဇာတ်လမ်း အဆုံးသတ်ပြီးသကာလ ပထမအပါတ်က ​အေး​ဆေးပဲ လို့ထင်ပြီး ဘဝကို ​ဖြတ်သန်းခဲ့​ပေမယ့် ပြီးခဲ့တဲ့ စ​နေ​​နေ့ညက ကလပ်မှာ သူနဲ့ပြန်​တွေ့ပြီး ဖြစ်ပျက်ခဲ့တဲ့ အ​ခြေအ​နေဆိုးတစ်ခု​ကြောင့် ကျွန်​တော် အရမ်း စိတ်ထိခိုက်ရတဲ့အတွက် ကျွန်​တော့်ရဲ့ Facebook နဲ့ instagram app ​တွေကို စိတ်ဒဏ်ရာမကျက်မချင်းကာလအတန်ကြာဖျက်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၁ လ​​ကျော် ၂ လ​လောက် စိတ်​တွေ ပြန် အနည်ထိုင်လာတဲ့ အချိန်ကျမှ ပြန် download ဆွဲပြီး ပြန်သုံးပါမယ်.. သူ့ကိုလဲ block မလုပ်ချင်ဘူး.. account ကိုလဲ deactivate မလုပ်ချင်ဘူး.. သူနဲ့တင်ခဲ့တဲ့ ပုံ​ဟောင်း​တွေကိုလဲ မဖျက်ချင်ဘူး.. ပုံ​ဟောင်း​တွေကို တစ်ချိန်လုံး သွားသွား ပြီး ပြန်ကြည့်​နေမိတဲ့ကိုယ့်စိတ်ကိုယ်လဲ မထိန်းနိုင်​တော့ app ​တွေ ဖျက်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တာပါ.. ခံပြင်းခြင်း​တွေ ​ဒေါသ​တွေ လွမ်းစရာရှိ နာစရာနဲ့​ဖြေပြီး ​ရှေ့ဆက်ခဲ့​ပေမယ့် တကယ်တမ်းကျ လွယ်လွယ်နဲ့ခွင့်လွှတ်တတ်တဲ့စိတ် အရှုံး​ပေးတတ်တဲ့ စိတ် ကပဲ ကိုယ့်ကို ပြန် ဒုက္ခ​ပေး​နေတယ်..သူ့ account ကိုလဲ သူဘာလုပ်​နေလဲ သွားသွားကြည့်ချင်​နေတဲ့ စိတ်ကိုလဲ ရပ်တန့်ပစ်ဖို့ အတွက် ဒီနည်းက အ​ကောင်းဆုံးပဲလို့ ကျွန်​တော်ထင်ပါတယ်.. ​လူ​တွေရဲ့ ​ကျွန်​တော်တို့ အ​ကြောင်း ဝေဖန်ကဲ့ရဲ့ခြင်း​ပေါင်းများစွာနဲ့​ဝေးရာ ဘဝကို စိတ်သစ်လူသစ်နဲ့ နှလုံးသားက ဒါဏ်ရာ အနာကျက်မှ ပဲ ပြန်သုံး​တော့မယ်​နော်.. အားလုံးကို ခဏတာ နှုတ်ဆက်ခဲ့ပါတယ်..ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *