သူ့ရဲ့အခြေအနေကိုသိလို့ ဇနီးသည်ကို နောက်ဆုံးအနေနဲ့ရင်ခွင်ထဲမှာဖက်ထားပေးဖို့ ပြောပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦး

သူ့ရဲ့အခြေအနေကိုသိလို့ ဇနီးသည်ကို နောက်ဆုံးအနေနဲ့ရင်ခွင်ထဲမှာဖက်ထားပေးဖို့ ပြောပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦး

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် တချို့မိသားစုတွေကလည်း ဘယ်တော့မှပြန်မရနိုင်တော့တဲ့ မိမိတို့ရဲ့သွေးသားရင်းခြာတွေကို ဆုံးရှုံးသွားရတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုရဲ့ထမင်းဝိုင်းတွေကလည်း လူမစုံတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်လွန်းတဲ့အခြေအနေရှိပါတယ်။

လက်ရှိမှာဆိုရင် တစ်ဦးတည်းသောသားသမီးတွေလည်းကျဆုံးသွားရတာကြောင့် မိဘတွေအနေနဲ့ အရမ်းရင်ကျိုးရပြီး တချို့ကလေးတွေဆိုလည်း မိဘမဲ့ဖြစ်သွားရပြီဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းတွေရဲ့မိသားစုဝင်တွေကိုတော့ ပြည်သူလူထုက တတ်နိုင်သလောက် ကူညီဖေးမပေးကြတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း မန္တလေးမြို့မှာနေထိုင်တဲ့ ဦးဖြိုးမောင်မောင်ကတော့ လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း ခြေထောက်ကို ကျည်ထိသွားတာဖြစ်ပါတယ်။ဆေးရုံ၊ဆေးခန်းလည်း မသွားရတာကြောင့် ဦးဖြိုးမောင်မောင်က သွေးထွက်လွန်ပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

မကျဆုံးခင် ရှေ့ရက်ပိုင်းတွေမှာ ဦးဖြိုးမောင်မောင်ကိုဇနီးသည်က မသွားဖို့တားပေမယ့်လည်း “ငါသေရင်လည်း အာဇာနည်ဖြစ်တာပေါ့ ငါ့မိန်းမရယ်”ဆိုပြီး ပြန်ပြောတယ်လို့ သိရပါတယ်။ဦးဖြိုးမောင်မောင်တို့ဇနီးမောင်နှံက သားသမီးမရှိတာကြောင့် တစ်ယောက်ကိုတစ်ယောက်အရမ်းဂရုစိုက်ပြီး အေးအတူပူအမျှနေထိုင်နေကြတာဖြစ်ပါတယ်။

အရမ်းချစ်ရတဲ့ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရတာကြောင့် ဇနီးသည်ခင်မျာမှာလည်း ပူဆွေးသောကတွေရောက်နေရတာဖြစ်ပါတယ်။ဦးဖြိုးမောင်မောင်ကတော့ သူ့ရဲ့အခြေအနေကိုသိလို့ ဆုံးခါနီးမှာတောင်“မိန်းမ ငါမရတော့ဘူးသွားရတော့မှာ မင်းရင်ခွင်ထဲ နောက်ဆုံးအနေနဲ့ ဖက်ထားပါတော့ “ဆိုပြီး ပြောလိုက်သေးတာဖြစ်ပါတယ်။

ဦးဖြိုးမောင်မောင်ရဲ့ဇနီးကတော့ အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းခင်ပွန်းသည်ရဲ့ မျက်နှာလေးကို နောက်ဆုံးအနေနဲ့အဝကြည့်နေခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး မိသားစုတွေ၊ချစ်တဲ့သူတွေက သေကွဲကွဲနေရတာကြောင့် ပြည်သူတွေကလည်း အရမ်းဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

သူ႔ရဲ႕အေျခအေနကိုသိလို႔ ဇနီးသည္ကို ေနာက္ဆုံးအေနနဲ႔ရင္ခြင္ထဲမွာဖက္ထားေပးဖို႔ ေျပာၿပီး က်ဆုံးသြားတဲ့ သူရဲေကာင္းတစ္ဦး

လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြေၾကာင့္ တခ်ိဳ႕မိသားစုေတြကလည္း ဘယ္ေတာ့မွျပန္မရႏိုင္ေတာ့တဲ့ မိမိတို႔ရဲ႕ေသြးသားရင္းျခာေတြကို ဆုံးရႈံးသြားရတာျဖစ္ပါတယ္။က်န္ရစ္သူမိသားစုရဲ႕ထမင္းဝိုင္းေတြကလည္း လူမစုံေတာ့ဘဲ တိတ္ဆိတ္ေျခာက္ကပ္လြန္းတဲ့အေျခအေနရွိပါတယ္။

လက္ရွိမွာဆိုရင္ တစ္ဦးတည္းေသာသားသမီးေတြလည္းက်ဆုံးသြားရတာေၾကာင့္ မိဘေတြအေနနဲ႔ အရမ္းရင္က်ိဳးရၿပီး တခ်ိဳ႕ကေလးေတြဆိုလည္း မိဘမဲ့ျဖစ္သြားရၿပီျဖစ္ပါတယ္။က်ဆုံးသူရဲေကာင္းေတြရဲ႕မိသားစုဝင္ေတြကိုေတာ့ ျပည္သူလူထုက တတ္ႏိုင္သေလာက္ ကူညီေဖးမေပးၾကတာ ျဖစ္ပါတယ္။လြန္ခဲ့တဲ့ရက္ပိုင္းကဆိုရင္လည္း မႏၲေလးၿမိဳ႕မွာေနထိုင္တဲ့ ဦးၿဖိဳးေမာင္ေမာင္ကေတာ့ လူထုလႈပ္ရွားမႈေတြမွာပါဝင္ရင္း ေျခေထာက္ကို က်ည္ထိသြားတာျဖစ္ပါတယ္။ေဆး႐ုံ၊ေဆးခန္းလည္း မသြားရတာေၾကာင့္ ဦးၿဖိဳးေမာင္ေမာင္က ေသြးထြက္လြန္ၿပီး က်ဆုံးသြားခဲ့ရတာျဖစ္ပါတယ္။

မက်ဆုံးခင္ ေရွ႕ရက္ပိုင္းေတြမွာ ဦးၿဖိဳးေမာင္ေမာင္ကိုဇနီးသည္က မသြားဖို႔တားေပမယ့္လည္း “ငါေသရင္လည္း အာဇာနည္ျဖစ္တာေပါ့ ငါ့မိန္းမရယ္”ဆိုၿပီး ျပန္ေျပာတယ္လို႔ သိရပါတယ္။ဦးၿဖိဳးေမာင္ေမာင္တို႔ဇနီးေမာင္ႏွံက သားသမီးမရွိတာေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္အရမ္းဂ႐ုစိုက္ၿပီး ေအးအတူပူအမွ်ေနထိုင္ေနၾကတာျဖစ္ပါတယ္။

အရမ္းခ်စ္ရတဲ့ခင္ပြန္းသည္ကို ဆုံးရႈံးလိုက္ရတာေၾကာင့္ ဇနီးသည္ခင္မ်ာမွာလည္း ပူေဆြးေသာကေတြေရာက္ေနရတာျဖစ္ပါတယ္။ဦးၿဖိဳးေမာင္ေမာင္ကေတာ့ သူ႔ရဲ႕အေျခအေနကိုသိလို႔ ဆုံးခါနီးမွာေတာင္“မိန္းမ ငါမရေတာ့ဘူးသြားရေတာ့မွာ မင္းရင္ခြင္ထဲ ေနာက္ဆုံးအေနနဲ႔ ဖက္ထားပါေတာ့ “ဆိုၿပီး ေျပာလိုက္ေသးတာျဖစ္ပါတယ္။

ဦးၿဖိဳးေမာင္ေမာင္ရဲ႕ဇနီးကေတာ့ အသက္ေပးသြားရၿပီျဖစ္တဲ့ သူရဲေကာင္းခင္ပြန္းသည္ရဲ႕ မ်က္ႏွာေလးကို ေနာက္ဆုံးအေနနဲ႔အဝၾကည့္ေနခဲ့တာျဖစ္ပါတယ္။အခုလိုမ်ိဳး မိသားစုေတြ၊ခ်စ္တဲ့သူေတြက ေသကြဲကြဲေနရတာေၾကာင့္ ျပည္သူေတြကလည္း အရမ္းဝမ္းနည္း​ေနၾကေၾကာင္းကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *