အဒေါ်ဖြစ်သူ ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး သူမ သိရသလောက် ပြောပြလာခဲ့တဲ့ မေတိုးခိုင်

မတရားမှုကို ခေါင်းငုံ့မခံတော်လှန်ရင်းနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတာကတော့ အိန္ဒြာကျော်ဇင်ပဲဖြစ်ပါတယ်။ သူမကတော့ ပြီးခဲ့တဲ့နှစ်အာဏာသိမ်းချိန်ကတည်းက ဆန္ဒပြလှုံ့ဆော်မှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ယခုချိန် ဖမ်းဆီးထိန်းသိမ်းခံရတာ တစ်နှစ်နီးပါးပြည့်လုပြီဖြစ်ပါတယ်။

သူမနဲ့အတူ ခင်ပွန်းဖြစ်သူပြေတီဦး၊တူမဖြစ်သူ မေတိုးခိုင်တို့ပါထိန်းသိမ်းခံခဲ့ရတာပါ။ မေတိုးခိုင်ကတော့ လွန်ခဲ့တဲ့လပိုင်းအတွင်းကပြန်လွတ်မြောက်လာခဲ့တာဖြစ်ပေမယ် သူတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ယနေ့ထိမလွတ်မြောက်သေးတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်းအမြဲစိတ်ပူနေပြီးလွတ်မြောက်ဖို့ဆုတောင်းပေးနေကြတာပါ။

ဒီနေ့မနက်အစောပိုင်းမှာလည်း အူဝဲလွတ်မြောက်လာပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒါပေမယ့်သူတို့မိသားစုဝင်တွေပြောဆိုချက်အရ သတင်းအမှားသာဖြစ်ခဲ့တာပါ။ သတင်းအတွက်သေချာမစီစစ်ပဲ မတင်ရန်လည်းမေတ္တာရပ်ခံကြပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *