အူဝဲရဲ့သတင်းကိုကြားပြီး သူမရဲ့ရင်ထဲမှာ ခဏတာဖြစ်သွားခဲ့ရတဲ့ ခံစားချက်တစ်ချို့ကို ဖွင့်ဟပြောပြလာတဲ့ ချစ်သုဝေ

နိုင်ငံကျော်အဆိုတော်တစ်ယောက်လည်းဖြစ် ပရိသတ်အချစ်တော်တစ်ယောက်လည်းဖြစ်တဲ့ ချစ်သုဝေကတော့ ခုမှာမိသားစုနဲ့ ထွက်ပြေးပုန်းရှောင်နေခဲ့ရတာပါ။ အာဏာသိမ်းချိန်ကတည်းက မတရားမှုကိုတော်လှန်ရင်း ဖမ်းဝရမ်းထုတ်ခံရကာထွက်ပြေးပုန်းရှောင်နေရတာပါ။ သူမနဲ့တူတူ ခင်ပွန်းဖြစ်သူ လင်းလင်း သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့နဲ့တူတူပုန်းရှောင်နေတာပါ။

သူတို့ဟာနာမည်ကျော်အနုပညာတွေဖြစ်တာကြောင့် အိမ်မှာ အခန့်သားနေလို့ရပေမယ့် မတရားမှုကို တော်လှန်ချင်တဲ့စိတ်ဓာတ်တွေကြောင့်ခုလိုပင်ပန်းဒုက္ခတွေခံနေရတာပါ။ ဒါကြောင့် ပရိသတ်တွေကလည်းသူတို့မိသားစုလေးကို ပိုပြီးချစ်လာကြသလိုစိတ်ပူပန်မှုတွေလည်းရှိနေခဲ့တာပါ။ သူမတို့မိသားစုလိုပဲ တစ်ခြားနာမည်ကျော်အနုပညာရှင်တွေလည်းထွက်ပြေးပုန်းရှောင်ခဲ့ရပေမယ့် အကြောင်းမလှလို့ဖမ်းမိတဲ့သူတွေလည်းရှိခဲ့ပါတယ်။

အဲ့ထဲမှာမှ ပြေတီဦးနဲ့အူဝဲတို့ ဇနီးမောင်နှံလည်းဖမ်းဆီးခံကပြီး ထိန်းသိမ်းခံနေရတာပါ။ ဒီနေ့မနက်အစောပိုင်းမှာ မအူဝဲလွတ်ပြီသတင်းထွက်ခဲ့ပေမယ့် သတင်းအမှားဖြစ်နေခဲ့ပါတယ်။အဲ့ချိန်လေးမှာပဲ ချစ်သုဝေရဲ့လူမှုကွန်ရက်ကနေ အရမ်းကိုမျှော်လင့်ထားခဲ့တာ ကြားကြားချင်းဝမ်းသာလွန်းလို့ story လေးမှတ်မှတ်ရရရေးမိတာ မမသတင်းမမှန်ဘူးတဲ့နော်….ကိုယ့်ကလေးတွေနဲ့ခွဲရတုန်းက မမသာဆိုရင်ဆိုပြီး ၂ယောက်စာငိုခဲ့ရတာ….အိမ်မက်တွေထဲမှာလည်း ခဏခဏလွတ်မြောက်နေခဲ့တာမလို့မမအပါအဝင်တစ်ခြားသူတွေလည်းအမြန်ဆုံးလွတ်မြောက်စေချင်ပြီး မိသားစုတွေနဲ့တွေ့ဆုံစေချင်တယ်ဆိုပြီးရေးသားထားခဲ့တာပါ။

Leave a Reply

Your email address will not be published.