ဆုမြတ်နိုးဦးနဲ့အမွှာလို့ ထင်မှတ်ရလောက်အောင် ရုပ်တူလွန်းတဲ့ လူတစ်ယောက်အား မရမကရှာဖွေပြီး ဆေးထိုးလိုက်တဲ့ ကျော်ကျော်

တစ်ယောက်တစ်ယောက်အမြဲစနောက်နေပေမယ့် စိတ်ကောက်ခြင်းမရှိပဲ ချစ်နေကြတာကတော့ ကျော်ကျော်နဲ့ဆုမြတ်နိုးဦးတို့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ သူတို့ဟာ ဗရမ်းဗတာ၃ယောက်ဆိုပြီး လူမှုကွန်ရက်မှာလည်း ရေပန်းစားလူကြိုက်များနေတာပါ။ အဖွဲ့ထဲမှာနောက်တစ်ယောက်ဖြစ်တဲ့ ညီထွဋ်ခေါင်လည်းပါဝင်ပါသေးတယ်။

သူကတော့ သူ့ရဲ့ချစ်သူ ကွယ်လွန်ပြီးကတည်းက ပရိသတ်တွေနဲ့ဝေးကွာနေခဲ့တာပါ။ ဒါကြောင့် ကျော်ကျော်နဲ့ဆုမြတ်နိုးဦးကပဲ ပရိသတ်တွေနဲ့ရှိနေခဲ့တာပါ။ နှစ်ယောက်တည်းရှိနေပေမယ့်လည်း တစ်နေ့တစ်မျိုးမရိုးနိုင်အောင်ကိုစနောက်နေကြတာဖြစ်ပါတယ်။

ခုမှာလည်း ဆုမြတ်နိုးဦးကိုစလိုက်တဲ့ပုံလေးတစ်ပုံက ပရိသတ်တွေရီရမှာသေချာပါတယ်။ ဆုမြတ်နိုးဦးရယ်နေတဲ့ပုံကိုဟာသပုံတစ်ပုံနဲ့ယှဥ်တွဲထားတာဖြစ်ပါတယ်။ တူလား မတူလားကိုတော့အောက်ကပုံရိပ်လေးတွေကြည့်ပြီး ရယ်မောနိုင်ကြပါစေ။

Leave a Reply

Your email address will not be published.