ဗိုက်ထဲက သားလေးပြုံးပြနေတဲ့ 4D Ultrasound ပုံလေးကို ကြည်နူးပီတိဖြစ်စွာထုတ်ပြလိုက်တဲ့ မေမေ စုစုဝေ

တစ်ယောက်ကိုတစ်ယောက် အမြဲဂရုစိုက်ချစ်ပြတက်တာကြောင့် ပရိသတ်တွေကြားရေပန်းစားခဲ့တာကတော့ Mikis Weberနဲ့ စုစုဝေတို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လူမှုကွန်ရက်ကနေ ပရိသတ်သတိထားမိလာပြီး နောက်ပိုင်းအားကျတဲ့ပရိသတ်တွေများလာခဲ့တာပါ။ နိုင်ငံသားမတူတာကြောင့် အစပိုင်းမှာဝေဖန်မှုတွေကြုံတွေ့ခဲ့ရပေမယ့်နောက်ပိုင်းမှာ ပရိသတ်တွေလက်ခံလာတာပါ။

ဒါကြောင့်နောက်ပိုင်းမှာ သူတို့ရဲ့ interview လေးတွေသူတို့ရဲ့ပုံရိပ်လေးတွေက လူငယ်တွေကြားမှာရေပန်းစားခဲ့တာပါ။ ခုလက်ရှိမှာတော့ သူတို့ဟာ mikis weber ရဲ့နိုင်ငံမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းကလည်း mikis ရဲ့ကိုယ်ဝန်လေးကိုလွယ်ထားရကြောင့် လူမှုကွန်ရက်မှာတင်ထားခဲ့တာပါ။

သူတို့ဟာ နိုင်ငံရေးအခြေအနေတွေကြောင့် ပျောက်နေခဲ့ပေမယ့် လူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။ မနေ့ကလည်း ဒီနေ့ပုံတင်ခွင့်ရှိတယ်ဆိုပြီး mikisနဲ့တူတူပုံရိပ်လေးတွေ မိသားစုပုံရိပ်လေးတွေကိုပါတင်ထားခဲ့တာပါ။ မတွေ့ရတာကြာပြီဖြစ်တဲ့ ပရိသတ်အချစ်တော်သူတို့နှစ်ယောက်ရဲ့ချစ်စရာပုံရိပ်လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *