ချစ်ဇနီးလေးရဲ့ပုခုံးပေါ်ကို မေးလေးတင်ပြီး ကလေးလေးတစ်ယောက်လို တီတီတာတာလေး ချွဲနေတဲ့ စည်ဖြိုးရဲ့ဗီဒီယိုဖိုင်

ချစ်သူစုံတွဲဘဝလေးကတည်းက တစ်ယောက်ကိုတစ်ယောက်လည်း ချစ်မြတ်နိုးပြီး ဂရုတစိုက်ရှိတဲ့စုံတွဲလေးက စည်ဖြိုးနဲ့ခင်လွှမ်းတို့ပဲဖြစ်ပါတယ်။ ပရိသတ်တိုင်းအားကျခဲ့ရတဲ့ စုံတွဲလေးဖြစ်ပြီး မိန်းကလေးတွေပိုအားကျခဲ့ရတာပါ။ လက်မထပ်ခင်ကတည်းက စည်ဖြိုးတို့မိသားစုရဲ့အချစ်တွေကိုရထားတာဖြစ်ပါတယ်။

လက်ထပ်ပြီးလို့ သမီးလေးတစ်ယောက်မွေးဖွားပြီးချိန်မှာလည်း သူတို့ဟာပရိသတ်အားကျလောက်အောင်ချစ်နေတာပါ။ မိန်းမအပေါ်လည်း ဝတ္တရားတွေကျေပြွန်တက်တဲ့ စည်ဖြိုးကြောင့် မိန်းကလေးတိုင်းခင်လွှမ်းကိုအားကျနေရတာပါ။ သူတို့မိသားစုပုံရိပ်လေးတွေကိုလည်းလူမှုကွန်ုရက်မှာတင်ပေးလေ့ရှိတာပါ။

သမီးလေးပုံရိပ်လေးတွေကိုလည်းချစ်နေရသလို့ သူတို့နှစ်ယောက်ပုံရိပ်video လေးကိုကြည့်ပြီးလည်းချစ်မဝကြတာပါ။ ခုမှာလည်း ခင်လွှမ်းရဲ့ပုခုံးလေးပေါ်မေးလေးတင်ပြီး နှစ်ယောက်သား Tiktokလေးဆော့နေတာပါ။ နှစ်ယော​က်ကိုကြည့်ပြီး ကြည်နူးမိမှာအသေချာဖြစ်တာကြောင့် video လေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *