လူမှုကွန်ရက်ပေါ်ကနေ အချိန်အကြာကြီးပျောက်သွားတဲ့ အစ်မဖြစ်သူရဲ့လက်ရှိပုံရိပ်လေးကို ထုတ်ပြလိုက်တဲ့ ငွေမှုန်ရတီ

အသက်ငယ်ငယ်လေးနဲ့အနုပညာလောကမှာ အောင်မြင်ပြီး ပရိသတ်အားပေးမှုအပြည့်လက်ခံရရှိထားတာကတော့ ရွှေမှုန်ရတီပဲဖြစ်ပါတယ်။ သူကတော့နာမည်ကျော် အဆိုတော်ဖြစ်တဲ့ ရွှေထူးရဲ့ဇနီးလေးလည်းဖြစ်ပါတယ်။ နှစ်ယောက်လုံးကအောင်မြင်သူတွေဖြစ်တာကြောင့် ပရိသတ်တွေချစ်မဝဖြစ်နေရတာပါ။

သူတို့ဟာ အာဏာသိမ်းလိုက်ချိန်ကတည်းက လူမှုကွန်ရက်ကနေပျောက်ကွယ်ခဲ့ပေမယ့် မကြာခင်ကမှပြန်တွေ့ခဲ့တာပါ။ ရွှေမှုန်မှာတော့ ချစ်ရတဲ့ညီမလေးတစ်ယောက်ဖြစ်တဲ့ငွေမှုန်ရတီလည်းရှိနေပါသေးတယ်။ ငွေမှုန်ရတီကလည်း အနုပညာလှုပ်ရှားမှုမရှိပေမယ့် အဆိုပိုင်းမှာပရိသတ်အားပေးမှုရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူတို့ညီမနှစ်ယောက်ဟာလည်းတစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့သူတွေဖြစ်ပါတယ်။နှစ်ယောက်တူတူပုံရိပ်လေးတွေကိလည်း လူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပါတယ်။ ခုမှာလည်း အမဖြစ်သူက နမ်းနေတဲ့ပုံရိပ်လေးကိုတင်ထားတာပါ။ ပရိသတ်တွေလည်း သူတို့ညီမနှစ်ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.