သူမရဲ့တစ်ဦးတည်းသော အချစ်ရဆုံး ကောင်လေးအား ချစ်သူများနေ့မှာ အားလုံးသိသွားအောင် ချပြလိုက်တဲ့ လင်းလင်း

မိတ်ကပ်လောကမှာ အောင်မြင်ပြီးပရိသတ်အချစ်တွေပါရရှိထားတာကတော့ မိတ်ကပ်လင်းလင်းပဲဖြစ်ပါတယ်။ သူကတော့လက်ရှိမှာထိပ်တန်းမိတ်ကပ်ပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်တွေနဲ့လည်းရင်းရင်းနှီးနှီးနေတက်တာကြောင့် အချစ်တွေပိုနေရတာပါ။

သူမကတော့ လူမှုကွန်ရက်မှာလည်း ပရိသတ်အားပေးမှုများစွာရရှိထားတာပါ။ သူမရဲ့လူမှုကွန်ရက်မှာလည်းအမြဲစနောက်တဲ့ပုံရိပ်လေးတွေတင်လေ့ရှိတာပါ။ သူမရဲ့သူငယ်ချင်းတွေဖြစ်တဲ့ညီညိမောင်စမ်းချောင်း၊မထက်တို့နဲ့ လည်းအမြဲဆုံလေ့ရှိပြီးသူတို့စုံတဲ့ video လေးတွေကလည်း ပရိသတ်တွေချစ်နေရတာပါ။

ခုမှာလည်းပရိသတ်တွေကို vdayလေးမှာစနောက်လိုက်တာဖြစ်ပါတယ်။ ချစ်တဲ့သူများအတွက် ကုသိုလ်တွေ ထပ်တူရကြပါစေဆိုပြီး ဖြိုးမြတ်အောင်နဲ့ ဆရာတော်ဘုရားကို ကပ်လှူနေတဲ့ပုံရိပ်လေးတင်ထားတာပါ။ ပရိသတ်တွေလည်းသူတို့နှစ်ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.