သမီးလေးမွေးကင်းစတုန်းက ချစ်ခင်ပွန်းမှ တယုတယပွေ့ချီထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို ထုတ်ပြလာတဲ့ နန်းမြတ်ဖြိုးသင်း

ချစ်စရာကောင်းတဲ့သာလေး၊သမီးလေးနဲ့တူတူ ဘဝကိုရင်ဆိုင်ဖြတ်သန်းနေတာကတော့ နန်းမြတ်ဖြိုးသင်းပဲဖြစ်ပါတယ်။ သူမကတော့ ပရိသတ်တွေအားပေးမှုအများဆုံးရထားတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ခင်ပွန်းရှိစဥ်ကလည်း ပရိသတ်တွေအားကျရတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားခဲ့တာပါ။

ခင်ပွန်းဖြစ်သူရုတ်တရက်ကွယ်လွန်သွားပြီးနောက်ပိုင်းမှာလည်း သူမဟာခက်ခဲမှုတွေအံတုပြီးသားလေး၊သမီးလေးအတွက်ရင်ဆိုင်ကျော်ဖြတ်ကာ ပရိသတ်တွေကလည်းသူ့အတွက်အားတွေဖြစ်စေခဲ့တာပါ။ ကလေးတွေရဲ့ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်ကနေအမြဲတင်ပေးလေ့ရှိတာပါ။ Liveလေးတွေလွှင့်ပြီးလည်း ကလေးတွေဆော့နေတဲ့ပုံရိပ်တွေတင်ပေးလေ့ရှိပြီး ပရိသတ်များစွာကြည့်ရှုပြီးချစ်နေရတာပါ။

ဒီနေ့မှာလည်း သမီးလေး၁နှစ်ပြည့်မွေးနေ့လေးမှာ မေမေနန်းမြတ်ဖြိုးသင်းဆုတောင်းပေးထားတာပါ။ မေ့သမီးလေးဂျူးဂျူး@မြတ်နိုးချစ်လေးဒီနေ့၁နှစ်ပြည့်ခဲ့ပီဘဝမှာအသက်ငယ်ငယ်လေးနဲ့အကြီးမားဆုံးဆုံးရှုံးမှုကိုကြုံခဲ့ရတဲ့မေ့သမီးလေး

မေ့သမီးလေးဘဝမှာပြည့်စုံမှုဆိုတာတွေပဲပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပါတယ်။ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာပေးပါနော်…Happy birthday သမီးလေး ဆိုပြီးရေးသားထားခဲ့တာပါ။ ပရိသတ်တွေလည်းသမီးလေးအတွက်မွေးနေ့ဆုတောင်းစကားလေးပြောပေးပါကြပါဦးနော်။

Leave a Reply

Your email address will not be published.