အောင်သူဆိုတာနဲ့မြန်မာနိုင်ငံကပရိသတ်ချစ်ခင်မှုအများဆုံးရထားတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ကောင်းမွန်တဲ့ခြေစွမ်းတွေကြောင့် ပရိသတ်တွေအမြဲအားပေးနေရတာပါ။ ဒါကြောင့်လည်း နိုင်ငံခြားကလပ်အသင်းတွေရဲ့စိတ်ဝင်စားခြင်းခံရကာ ထိုင်းထိပ်သီးကလပ်မှာသွားရောက်ကစားနေတာဖြစ်ပါတယ်။
သူကတော့ထိုင်းလိဒ်မှာလည်းခြေစွမ်းပြကစားနိုင်တာကြောင့် ထိုင်းပရိသတ်တွေရဲ့ချစ်ခင်မှုတွေကိုပါရနေတာပါ။ ဘောလုံးလောကမှာလည်းအောင်မြင်တဲ့အပြင် ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုလည်းပိုင်ဆိုင််ထားတာပါ။ ချစ်စရာကောင်းတဲ့သူ့ရဲ့သားလေးကလည်းပရိသတ်တွေချစ်နေရတာပါ။
အောင်သူဟာနာမည်ကျော်တစ်ယောက်ဖြစ်ပေမယ့်လည်း အနေအေးတာကြောင့် ဇနီးဖြစ်သူကတောင်ပြောနေရတာပါ။ဒါမယ့်ပြီးခဲ့တဲ့ valentine နေ့လေးမှာတော့ ချစ်ဇနီးလေး ပိုးအိအိခန့်ကိုချောကလက်လေးနဲ့စပရိုက်လုပ်ခဲ့တာပါ။ ဒါကြောင့်ထူးဆန်းပြီးပျော်နေတဲ့ပိုးအိအိခန့်တို့ရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။