မနာလိုသူတွေရဲ့တိုက်ခိုက်မှုကို အံတုပြီး Live sale မှာရတဲ့ အံ့ဖွယ်အနုပညာကြေးတွေကို ချပြလိုက်တဲ့ အာဗြဲစိန်

ဟင်းချက်နည်းvideo လေးတွေကစပြီး ပရိသတ်သတိထားမိကာ ခုချိန်မှာ အာဗြဲစိန်ဆိုတာနဲ့ပရိသတ်တွေချစ်ပြီး အားပေးနေရတာပါ။ ဒီ pageလေးကိုပရိသတ်တွေချစ်ပြီးလူကြိုက်များအောင်ဖန်တီးပေးခဲ့တဲ့သူကတော့ နာမည်ကျော်မင်းသားကြီးဖြစ်ခဲ့တဲ့ နေမျိုးအောင်ရဲ့မိန်းမ သန္တာနေမျိုးအောင်ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ဟင်းလေးတွေချက်ပြီးထုတ်လုပ်နိုင်တဲ့အထိအောင်မြင်နေခဲ့တာပါ။

သူမကတော့ခုနောက်ပိုင်းမှာ Live လွှင့်စျေးရောင်းဖို့ပါကမ်းလှမ်းခံနေရတာပါ။ သူ့ Liveတိုင်းမှာလည်းဝယ်ယူသူများစွာနဲ့အောင်မြင်နေပြီဖြစ်ပါတယ်။ သူမတို့မိသားစုလေးဟာ လူမှုကွန်ရက်မှာလည်း ပရိသတ်ချစ်ခင်မှုရရှိပြီး တစ်နေ့တစ်ခြားအောင်မြင်မှုတွေတိုးလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်းအောင်မြင်လာတာနဲ့အမျှ မနာလိုတိုက်ခတ်သူတွေပါကြုံတွေ့နေခဲ့ရတာပါ။ ဒါကြောင့်ခုလိုပဲ ပညာသားပါပါဝေဖန်သူတွေကိုပြောလိုက်တာဖြစ်ပါတယ်။ ( Edit ဟော မမှီမကန်းတွေ မနာလိုမန့်တွေနဲ့လာပါပြီ မှီအောင်လိုက်ခဲ့နော် ဖြေးဖြေးပဲသွားပါမယ်)

ဆိုင်က ဝန်ထမ်းကအန်တီ ရတနာ Live ဘယ်လောက်လည်းတဲ့ သိန်း ၃၀ လို့ ၂ နာရီကို ၁ နာရီထပ်တိုး၁၀ သိန်း

ထပ်ဆက်တယ် ၁၅ သိန်းထားပါတဲ့ တစ်ပတ်တစ်ကြိမ်လွှင့်ချင်တယ်တဲ့ ဟုတ်ကဲ့မရလို့ပါရှင့်လို့ မြေ Live တစ်ကြိမ်လွှင့် သိန်း ၁၀၀ တောင်လာအပ်ထားတဲ့မြေပိုင်ရှင်တွေအများကြီးပါရှင့် စိတ်ပါမှအလုပ်လုပ်ပါတယ် မိတ်ဆွေစစ်ဆို အလကားလည်းကူညီပါတယ်။အလုပ်ပေးကြတဲ့ သူအားလုံးကိုကျေးဇူးပါရှင့် ဆိုပြီးရေးသားထားခဲ့တာပါ။

Leave a Reply

Your email address will not be published.