ခင်ပွန်းဟောင်းရဲ့လက်ရှိ ဇနီးချောလေးကို ရန်သူလို သဘောမထားဘဲ ညီအစ်မအရင်းတစ်ယောက်လို ချစ်ခင်ပေးတဲ့ အဆိုတော် စင်ဒီ

ပရိသတ်အားကျစရာကောင်းတဲ့ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားတာကတော့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ မိသားစုလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးသမီးလေးတွေနဲ့တူတူ ပျော်ရွှင်စရာကောင်းနေတာပါ။ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ကလည်း မြန်မာနိုင်ငံရဲ့ပရိသတ်ချစ်နေရတဲ့နာမည်ကျော်တွေလည်းဖြစ်ပါတယ်။

ခုနောက်ပိုင်းမှာတော့ သားသားမီးမီးလေးတွေကိုပါပရိသတ်ချစ်နေရတာပါ။ သူတို့မိသားစုပုံရိပ်လေးတွေ ကလေးတွေရဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာပါ။ ဒါကြောင့် လူမှုကွန်ရက်မှာလည်း Followersများစွာနဲ့ပရိသတ်တွေကပုံရိပ်လေးတွေကြည့်ပြီးချစ်ရတာပါ။

မြတ်ရတနာကျော်ဟာ အာဘွိုင်းနဲ့သားလေးတစ်ယောက်သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့်လည်း အာဘွိုင်းရဲ့သမီးလေးတွေနဲ့ပါတူတူနေထိုင်တာပါ။ မနေ့က မြတ်ရတနာကျော်ရဲ့ postအောက်မှာတော့ အာဘွိုင်းရဲ့ ဇနီးဟောင်းဖြစ်တဲ့ စင်ဒီက Commentဝင်ပေးခဲ့တာပါ။ဘယ်လိုသူတို့နှစ်ယောက်မန့်အပြန်အလှန်ပေးခဲ့လဲဆိုတာကတော့ အောက်ကပုံရိပ်လေးမှာကြည့်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.