နေ့စဉ်ရက်ဆက် အဓိဌာန်ဝင်လာခဲ့ရမှာ ထူးဆန်းတဲ့အတိတ်နမိတ် အိမ်မက်လေးနဲ့ကြုံတွေ့ခဲ့ရတဲ့ ခင်လွှမ်း

သာယာပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုဖြတ်သန်းနေတာကတော့ ပရိသတ်အချစ်တော်ခင်လွှမ်းပဲဖြစ်ပါတယ်။ ချစ်တက်ပြီး တာဝန်ကျေတဲ့ ချစ်ခင်ပွန်း စည်ဖြိုးကြောင့်လည်း ခုလိုပိုပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားရတာပါ။ ချစ်သူဘဝကတည်းကနေ ယနေ့မိသားစုဘဝလေးအထိပရိသတ်တွေကချစ်ပြီးအားကျနေရတာပါ။

သူမဟာ လူမှုကွန်ရက်မှာလည်း သူတို့မိသားစုပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။ ပုံရိပ်တိုင်းကလည်း ပရိသတ်တွေချစ်ပြီး အားကျနေရတာဖြစ်ပါတယ်။ သူမဟာ မိသားစုအတွက်လည်း မိသားစုတာဝန်ကျေပြွန်အောင်ကြိူးစားတဲ့အပြင် ဘုရားတရားလေးကိုလည်းအမြဲမပြတ်လုပ်နေတဲ့သူတစ်ယောက်ပါ။

ဒါကြောင့်လည်း သူမရဲ့အိမ်မက်လေးဟာထူးဆန်းနေကြောင့် သူမအတွေ့အကြုံလေးကိုဝေမျှထားခဲ့တာပါ။ ညက အိပ်မက် မက်တယ် ငယ်ငယ်က နေခဲ့တဲ့အိမ်ခြံထဲမှာ စေတီတစ်ဆူ တည်ထားတာရှိတယ်တဲ့ဘုရားစေတီ မက်တယ်ဆိုတော့ အိပ်မက်ကောင်းလို့တော့ထင်တာပဲဘယ်လောက်အလုပ်ရှုပ်ရှုပ် စိတ်ညစ်စရာပဲရှိရှိ ဘုရားတရား အဓိဌာန်တော့ လုံးဝ မပျက် ဆိုပြီးကြုံတွေ့တာလေးကိုဝေမျှထားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *