ချွေးနဲစာဖြင့် ဝယ်ယူထားတဲ့ အိမ်လေး ချိတ်ပိတ်ခံလိုက်ရတဲ့ လင်းလင်းတို့ဇနီးမောင်နှံအတွက် စိတ်မကောင်းဖြစ်နေတဲ့ အိမ့်ချစ်

တိုင်းပြည်အာဏာကိုမတရားလုယူခဲ့တဲ့အချိန်ကတည်း​က အမှန်တရားကိုရပ်တည်ခဲ့တာကတော့ လင်းလင်းနဲ့ချစ်သုဝေတို့မိသားစုလေးပဲဖြစ်ပါတယ်။ ခုချိန်မှာ လွတ်မြောက်နယ်မြေတစ်နေရာကိုရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ သမီးလေးတွေနဲ့တူတူ မိသားစုလိုက် ထွက်ပြေးပုန်းရှောင်နေခဲ့ရတာပါ။

ဘယ်လောက်ပဲဒုက္ခတွေကြုံနေရပေမယ့် အခက်ခဲတွေကိုရင်ဆိုင်ရင်း တော်လှန်နေတုန်းပဲဖြစ်ပါတယ်။ ခုမှာလည်း သူတို့ရဲ့နေအိမ်လေးကို မတရားချိတ်ပိတ်ခံလိုက်ရတာပါ။ သူတို့ကြိုးစားမှုတွေနဲ့တည်ဆောက်ထားတဲ့ အိမ်လေးဖြစ်ပေမယ့်လည်း မတရားမှုအတွက်ဆို ဆုံးရှုံးမှုတွေရှိပါစေတော်လှန်နေတုန်းဖြစ်ပါတယ်။

သူတို့ရဲ့စိတ်ဓာတ်လေးတွေကြောင့် ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ လေးစားနေရတာပါ။ မနေ့ကကိစ္စမျိုးမှာလည်းဝမ်းနည်းခဲ့ရပြီး အိမ့်ချစ်ကလည်းခုလိုသူရဲ့ရင်တွင်းခံစားချက်လေးကိုရေးသားထားခဲ့တာပါ။ ကိုယ့်ဂီတက လူတွေဆိုတာလည်း လည်ပင်းကွဲတဲ့အထိနေ့ညမနား နိုင်ငံပတ်ပြီးရှာထားရတဲ့ စည်းစိမ်ဥစွာတွေလေ သူတို့မှာကလေးတွေကရှေ့ရေးတွေနဲ့လေ ဆိုပြီးရင်တွင်းခံစားချက်လေးကိုထုတ်ဖော်ထားတာပါ။

Leave a Reply

Your email address will not be published.