ဆိုင်အပြင်ကနေလှမ်းကြည့်နေတဲ့ ကလေးတွေကို ကြက်ကြော်တွေဧည့်ခံကျွေးမွေးခဲ့တဲ့ စေတနာရှင်တစ်ဦး

ဆိုင်အပြင်ကနေလှမ်းကြည့်နေတဲ့ ကလေးတွေကို ကြက်ကြော်တွေဧည့်ခံကျွေးမွေးခဲ့တဲ့ စေတနာရှင်တစ်ဦး

ဆိုင်အပြင်ကနေလှမ်းကြည့်နေတဲ့ ကလေးတွေကို အထဲခေါ်ပြီး ကြက်ကြော်တွေ အလျှံအပယ်ဧည့်ခံကျွေးမွေးခဲ့တဲ့ စေတနာရှင်တစ်ဦး

မြန်မာပြည်သူ၊ပြည်သားတွေကတော့ လူသားအချင်းချင်း သနားညှာတာတတ်တဲ့ စိတ်ထားအပြည့်ရှိကြလို့ ခက်ခဲနေကြတဲ့သူတွေကို တတ်နိုင်သလောက် ကူညီဖေးမပေးကြတာ ဖြစ်ပါတယ်။အခုလိုကာလမှာ လက်လုပ်လက်စားပြည်သူတွေအတွက် စားဝတ်နေရေးခက်ခဲကြလို့ စေတနာရှင်ပြည်သူတစ်စုက တတ်နိုင်သလောက်လှူဒါန်းကြတာဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပြီး အခက်အခဲတွေကို မျှဝေခံစားပေးနေကြတဲ့ ပြည်သူတွေကတော့ အရမ်းလေးစားစရာကောင်းတဲ့ စိတ်ထားတွေကို ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။

အခုလိုကာလမှာ တချို့ကလေးငယ်လေးတွေဆိုရင် မိသားစုရဲ့စားဝတ်နေရေးအတွက် လမ်းပေါ်ထွက်ပြီး ဈေးရောင်းနေရတာဖြစ်ပါတယ်။အဲ့လိုဈေးရောင်းနေကြတဲ့ ကလေးတွေကို တွေ့ရင်လည်း ပြည်သူတချို့က အားပေးဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်း အရမ်းနွမ်းပါးတဲ့ကလေးတွေက ဆိုင်အပြင်ကနေ လှမ်းကြည့်နေတာကြောင့် စေတနာရှင်ပြည်သူတစ်ဦးက အထဲကိုခေါ်ယူပြီး ကြက်ကြော်တွေမှာကာ ကျွေးမွေးဧည့်ခံခဲ့တာ ဖြစ်ပါတယ်။အခုလိုမျိုး လူတန်းစားမခွဲခြားဘဲ တန်းတူရည်တူဆက်ဆံခဲ့တဲ့ စေတနာရှင်ပြည်သူတစ်ဦးရဲ့ စိတ်ဓာတ်ကလေးစားစရာကောင်းပါတယ်။

ကလေးတွေကလည်း အရသာရှိလှတဲ့ကြက်ကြော်တွေကို အားရပါးရစားသောက်နေကြပြီး သူတို့ရဲ့မျက်နှာလေးတွေပေါ်မှာ အပျော်ပုံရိပ်လေးတွေကို တွေ့မြင်ရပါတယ်။ဒီလိုမျိုး ကလေးတွေကအားရပါးရစားကြတာမြင်တော့ကုသိုလ်ယူရတဲ့စေတနာရှင်အတွက်လည်း ပီတိဖြစ်စရာကောင်းလှပါတယ်။နွမ်းပါးတဲ့ကလေးလေးတွေကိုစာနာစိတ်အပြည့်နဲ့ သူတို့စားချင်တာလေးတွေကိုဝယ်ကျွေးပြီး သဒ္ဒါတရားထက်သန်တဲ့ စေတနာရှင်ရဲ့အလှူလေးကို သာဓုခေါ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

ဆိုင္အျပင္ကေနလွမ္းၾကည့္ေနတဲ့ ကေလးေတြကို ၾကက္ေၾကာ္ေတြဧည့္ခံေကြၽးေမြးခဲ့တဲ့ ေစတနာရွင္တစ္ဦး

ဆိုင္အျပင္ကေနလွမ္းၾကည့္ေနတဲ့ ကေလးေတြကို အထဲေခၚၿပီး ၾကက္ေၾကာ္ေတြ အလွ်ံအပယ္ဧည့္ခံေကြၽးေမြးခဲ့တဲ့ ေစတနာရွင္တစ္ဦး

ျမန္မာျပည္သူ၊ျပည္သားေတြကေတာ့ လူသားအခ်င္းခ်င္း သနားညႇာတာတတ္တဲ့ စိတ္ထားအျပည့္ရွိၾကလို႔ ခက္ခဲေနၾကတဲ့သူေတြကို တတ္ႏိုင္သေလာက္ ကူညီေဖးမေပးၾကတာ ျဖစ္ပါတယ္။အခုလိုကာလမွာ လက္လုပ္လက္စားျပည္သူေတြအတြက္ စားဝတ္ေနေရးခက္ခဲၾကလို႔ ေစတနာရွင္ျပည္သူတစ္စုက တတ္ႏိုင္သေလာက္လႉဒါန္းၾကတာျဖစ္ပါတယ္။တစ္ေယာက္ကိုတစ္ေယာက္ ေဖးမကူညီၿပီး အခက္အခဲေတြကို မွ်ေဝခံစားေပးေနၾကတဲ့ ျပည္သူေတြကေတာ့ အရမ္းေလးစားစရာေကာင္းတဲ့ စိတ္ထားေတြကို ပိုင္ဆိုင္ထားၾကတာ ျဖစ္ပါတယ္။

အခုလိုကာလမွာ တခ်ိဳ႕ကေလးငယ္ေလးေတြဆိုရင္ မိသားစုရဲ႕စားဝတ္ေနေရးအတြက္ လမ္းေပၚထြက္ၿပီး ေစ်းေရာင္းေနရတာျဖစ္ပါတယ္။အဲ့လိုေစ်းေရာင္းေနၾကတဲ့ ကေလးေတြကို ေတြ႕ရင္လည္း ျပည္သူတခ်ိဳ႕က အားေပးဝယ္ယူခဲ့ၾကတာ ျဖစ္ပါတယ္။အခုဆိုရင္လည္း အရမ္းႏြမ္းပါးတဲ့ကေလးေတြက ဆိုင္အျပင္ကေန လွမ္းၾကည့္ေနတာေၾကာင့္ ေစတနာရွင္ျပည္သူတစ္ဦးက အထဲကိုေခၚယူၿပီး ၾကက္ေၾကာ္ေတြမွာကာ ေကြၽးေမြးဧည့္ခံခဲ့တာ ျဖစ္ပါတယ္။အခုလိုမ်ိဳး လူတန္းစားမခြဲျခားဘဲ တန္းတူရည္တူဆက္ဆံခဲ့တဲ့ ေစတနာရွင္ျပည္သူတစ္ဦးရဲ႕ စိတ္ဓာတ္ကေလးစားစရာေကာင္းပါတယ္။

ကေလးေတြကလည္း အရသာရွိလွတဲ့ၾကက္ေၾကာ္ေတြကို အားရပါးရစားေသာက္ေနၾကၿပီး သူတို႔ရဲ႕မ်က္ႏွာေလးေတြေပၚမွာ အေပ်ာ္ပုံရိပ္ေလးေတြကို ေတြ႕ျမင္ရပါတယ္။ဒီလိုမ်ိဳး ကေလးေတြကအားရပါးရစားၾကတာျမင္ေတာ့ကုသိုလ္ယူရတဲ့ေစတနာရွင္အတြက္လည္း ပီတိျဖစ္စရာေကာင္းလွပါတယ္။ႏြမ္းပါးတဲ့ကေလးေလးေတြကိုစာနာစိတ္အျပည့္နဲ႔ သူတို႔စားခ်င္တာေလးေတြကိုဝယ္ေကြၽးၿပီး သဒၵါတရားထက္သန္တဲ့ ေစတနာရွင္ရဲ႕အလႉေလးကို သာဓုေခၚရင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *