သမီးအရင်းလို ချစ်ရတဲ့ ယွန်းမြတ်သူရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲသို့ ချစ်ခင်ပွန်းနဲ့အတူ တက်ရောက်ချီးမြှင့်ခဲ့တဲ့ မေခလာ

အချစ်သီချင်းလေးတွေနဲ့အတူပရိသတ်ရင်ထဲကိုဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တာကတော့ ယွန်းမြတ်သူပဲဖြစ်ပါတယ်။ သူမရဲ့သီချင်းလေးတွေက လူငယ်တွေနဲ့ပါးစပ်ဖြားလေးမှာ ရေပန်းစားခဲ့ပြီးအချစ်တွေကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ ယခုအချိန်မှာတော့သူမဟာ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပရိသတ်အချစ်တွေကိုသိမ်းပိုက်ထားတဲ့သူမကတော့ မကြာခင်ရက်ပိုင်းမှာပဲ သူမရဲ့ချစ်သူနဲ့ လက်ထပ်သွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ သတိမထားမိတဲ့အချိန်လက်ထပ်ပွဲပြုလုပ်ခဲ့တာဖြစ်ပြီး အံ့သြခဲ့ရတာပါ။ ဒါပေမယ့်လည်း သူတို့ မဂ်လာဆောင်ပုံရိပ်လေးတွေတက်လာချိန်မှာတော့ ပရိသတ်တွေအားကျပြီးချစ်ခဲ့ရတာပါ။

ကိုဗစ်အခြေနေတွေကြောင့် ရင်းနှီးသူလောက်သာဖိတ်ကြားခဲ့ပြီး အဆိုတော်မေခလာလည်းတက်ရောက်ခဲ့ပြီးခုလိုဆုတောင်းပေးခဲ့ပါတယ်။ သားလေး သန့် ( ဖိုးလပြည့်) သမီးလေး ယွန်းမြတ်သူ မဂ်လာ လက်မှတ်ထိုးနေ့မှစ နှလုံးသားထဲထိ သက်ဆုံးတိုင်ချစ်ခင်မပျက် ကြင်နာကြပါစေ သားနဲ့သမီးဆိုပြီးဆုတောင်းပေးခဲ့တာပါ။ ပရိသတ်တွေလည်း အချစ်တော်ယွန်းမြတ်သူရဲ့ လက်ထပ်ပွဲနေ့ပုံရိပ်လေးတွေကိုလည်းကြည့်ပြီးအားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.