Beauty Blogger လောကမှပရိသတ်အားပေးမှုတွေရရှိလာပြီး ထိပ်တန်းအောင်မြင်သူတစ်ယောက်အဖြစ်ရပ်တည်လာနိုင်ခဲ့တာကတော့ နေခြည်ဦးပဲဖြစ်ပါတယ်။ နောက်ပိုင်းအနုပညာလောကထဲဝင်ရောက်လာပြီး ဇာတ်ကားကြီးတွေပါဝင်သရုပ်ဆောင်ရပြီး အောင်မြင်လာတာပါ။ လူငယ်ပရိသတ်တွေကြားမှာလည်း ရေပန်းအစားဆုံးသူတစ်ယောက်ဖြစ်ပါတယ်။
သူမကတော့ပြီးခဲ့တဲ့နှစ် အာဏာသိမ်းလိုက်ချိန်မှာတော့ ပရိသတ်တွေကြားဝေဖန်မှုတော်တော်ခံခဲ့ရတာဖြစ်ပါတယ်။ Social Media ကနေလည်းအချိန်တော်ကြာပျောက်သွားခဲ့တာဖြစ်ပါတယ်။ ဒါမယ့်ခုနောက်ပိုင်းမှာ instagram မှာပုံရိပ်လေးတွေများစွာတင်ပေးလေ့ရှိနေတာပါ။
ခုမှာလည်းပရိသတ်တွေအားကျရလောက်တဲ့သူမရဲ့အိပ်ခန်းပုံစံလေးကိုတင်ထားတာပါ။ ညီမဖြစ်သူဖန်တီးပေး ထားတာဖြစ်ပြီ အခန်းလေးကတော်တော်လေးကို ကြည်နူးဖို့ကောင်းနေတာပါ။ ဘယ်လိုကြည်နူးစရာကောင်းလဲဆိုတာကတော့အောက်က video လေးကိုကြည့်ပြီးအားပေးကြပါဦး။