ချစ်သူလေး စိတ်တိုသွားအောင် ဌက်ပျောသီးထဲကို ငရုတ်သီးအတောင့်လိုက်ထည့်ပြီး ပါးစပ်ထဲဝင်အောင် ကျွေးလိုက်တဲ့ စိန်ဖြိုးလှိုင်ရဲ့ဗီဒီယိုဖိုင်

တစ်ယောက်ကိုတစ်​ယောက်အမြဲစနောက်တဲ့ video လေးတွေနဲ့ချစ်စရာကောင်းတဲ့အတွဲလေးကတော့ စိန်ဖြိုးနဲ့ရီရီပွင့်ဖြူတို့ပဲဖြစ်ပါတယ်။ သူတို့တစ်​ယောက်ကိုတစ်ယောက်ဆေးထိုးတဲ့ video လေးတွေကိုလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပြီး ပရိသတ်တွေချစ်နေရတာပါ။ သူတို့နှစ်ယောက်ကတော့ လက်ရှိအချိန်မှာပရိသတ်ချစ်ခင်မှုအများဆုံးရထားတဲ့အတွဲလေးလည်းဖြစ်ပါတယ်။

မကြာခင်လက်ထပ်ပွဲလုပ်ဖို့စီစဥ်ထားပေမယ့် ကိုဗစ်ရောဂါတွေကြောင့်ခဏနောက်ဆုတ်ထားခဲ့ရတာပါ။ နောက်ဆုတ်ထားခဲ့ရပေမယ့်လည်း စိန်ဖြိုးတစ်ယောက်ဟာ ပရိသတ်တွေအတွက် ကိုဗစ်ဆိုင်ရာမေးခွန်းတွေကိုပရိသတ်တွေအတွက်ပြန်လည်ဖြေကြားပေးနေတာပါ။ အားတဲ့အချိန်လေးတွေမှာလည်းစနောက်နေသေးတာပါ။

ခုမှာလည်း ရီရီပွင့်ဖြူကိုဆေးအကြမ်းကြီးထိုးလိုက်တဲ့ video လေးကိုတင်ထားတာပါ။ ငှက်ပျောသီးထဲ ငရုပ်သီးထည့်ကျွေးလိုက်တာဖြစ်ပြီး ဆေးအကြီးကြီးမိသွားတာပါ။ ဘယ်လိုတောင်ချစ်ဖို့ကောင်းပြီးပျော်စရာလဲဆိုတာကတော့ အောက်က video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.