တော်လှန်ရေးအတွက် စည်းစိမ်ဥစွာတွေကို စွန့်လွှတ်အနစ်နာခံပြီး တိုက်ပွဲဝင်နေတာကတော့ ပရိသတ်အချစ်တော်မင်းမော်ကွန်းပဲဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် မတရားမှုကိုလုံးဝလက်မခံပဲ ပုန်းရှောင်ရတဲ့အထိဖြစ်ခဲ့ပေမယ့် ရရာနေရာကနေတော်လှန်နေတာဖြစ်ပါတယ်။ လူမှုကွန်ရက်မှာလည်း သူစာလေးတွေရေးပြီးမတရားမှုတွေဖော်ပြလေ့ရှိပြီး ပရိသတ်တွေကလည်းသူ့ကိုယ်စိတ်ပူချစ်နေရတာပါ။
သူဟာအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် နှင်းဆီအငြိမ့်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ နှင်းဆီအဖွဲ့ထဲမှာတော့နိုင်ငံကျော် မင်းသားတွေပါဝင်ပြီး ပရိသတ်အားပေးမှုတစ်ခဲနက်ရထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေးမငြိမ်သက်ဖြစ်ပြီးနောက်ပိုင်း မကြာခင်က သူဟာအဆိုပါအဖွဲ့မှနှုတ်ထွက်လိုက်ကြောင်း လူမှုကွန်ရက်မှာရေးသားထားခဲ့တာပါ။
ဒါပေမယ့်လည်း တစ်ချို့သောမီဒီယာတွေကနေ သတင်းချဲ့ကားရေးပြီး သတင်းအမှားတွေရေးသားထားခဲ့တာပါ။ ဒါကြောင့်လည်း ခုလို့သူရဲ့လူမှုကွန်ရက်ကနေပြန်လည်ဖြေရှင်းခဲ့တာပါ။ မဟုတ်တာတွေမတင်ကြပါနဲ့နှင်းဆီကကျွန်တော်နှုတ်ထွက်တာမှန်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ကမိသားစုညီအကိုတွေပါထပ်မရေးထပ်မရှင်းတော့ပါကြံ့ ကမပြောတဲ့စကားပါထပ်ပြီးတပွင့်ထဲသောနှင်းဆီလို့မပြောကြပါနဲ့ ဆိုပြီးရှင်းလင်းထားခဲ့တာပါ။