နိုင်ငံရပ်ခြားမှာနေထိုင်နေပေမယ့် တော်လှန်ရေးအတွက်ဆိုတက်နိုင်တဲ့ဘက်ကနေပါဝင်အားဖြည့်ပေးနေတာကတော့ အဆိုတော့ချမ်းချမ်းပဲဖြစ်ပါတယ်။ သူမကတော့ သမီးလေးမမွေးဖွားခင်ကတည်းကခင်ပွန်းဖြစ်သူနေထိုင်ရာနိုင်ငံမှာသွားရောက်နေထိုင်နေတာပါ။ မတရားမှုကိုယနေ့အချိန်ထိအံတုရင်းတော်လှန်နေတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။
သူမဟာ၅၀၅(က)နဲ့ဖမ်းဝရမ်းထုတ်ခံခြင်းခံခဲ့ရတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ တော်လှန်ရေးမှာပါဝင်နေတဲ့ အနုပညာရှင်အပါဝင်ပတ်သတ်နေတဲ့သူတွေကိုလိုက်ရှာနေပြီး မတွေ့ရှိပါက အိမ်ကိုပါချိတ်ပိတ်နေတာဖြစ်ပါတယ်။ မကြာခင်သေးကလည်း နာမည်ကျော်တွေဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့နေအိမ်ချိတ်ပိတ်ခံခဲ့ရတာပါ။
ခုမှာလည်း နိုင်ငံခြားကနေပါဝင်နေတဲ့အဆိုတော် ချမ်းချမ်းအိမ်ကိုပါ ချိတ်ပိတ်လိုက်တာဖြစ်ပါတယ်။ သူတို့ပင်ပန်းစွာကြိုးစားရှာထားတဲ့ အရာတွေဖြစ်ပေမယ့်လည်း စိတ်ဓာတ်မကျပဲ တော်လှန်ဖို့အတွက်စိတ်အားထက်သန်နေကြတာပါ။ အမြဲပရိသတ်တွေအတွက်ကြိုးစားဖျော်ဖြေမှုတွေလုပ်ပေးခဲ့တဲ့ ချမ်းချမ်းအတွက်လည်းအားပေးစကားတွေပြောပေးကြပါဦးနော်။