တဖြည်းဖြည်းနဲ့ ထွက်လာပြီဖြစ်တဲ့ သူမရဲ့ဗိုက်လုံးလုံးလေးကို အားလုံးသိအောင် ထုတ်ပြလိုက်တဲ့ ဘေဘီမောင်

အနုပညာလောကမှ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပြီး အောင်မြင်သူတစ်ယောက်အဖြစ်ရပ်တည်နေတာကတော့ သရုပ်ဆောင်ဘေဘီမောင်ပဲဖြစ်ပါတယ်။ သူမက​တော့ ပရိသတ်အချစ်တော် သားဂန်းရဲ့ချစ်ဇနီးလေးလည်းဖြစ်ပါတယ်။ သူမတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်းအချိန်တော်ကြာဖြတ်သန်းပြီးနောက် မကြာသေးခင်ကမှ လက်ထပ်ထားတာဖြစ်ပါတယ်။

သူမဟာခုချိန် သားဂန်းရဲ့ကိုယ်ဝန်လေးကိုလွယ်ထားရပြီဖြစ်ပါတယ်။ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ရမှာဖြစ်တာကြောင့် ပရိသတ်တွေကပါရင်ခုန်စိတ်လှုပ်ရှားနေရတာပါ။ သူမဟာ ကိုယ်ဝန်ဆောင်ထားရပေမယ့် ချစ်ရတဲ့ပရိသတ်တွေအတွက် Liveလွှင့်စျေးရောင်းပေးနေတုန်းဖြစ်ပါတယ်။

ဟိုတလောကလည်း သူမဟာနေမကောင်းဖြစ်နေတာကြောင့်ပရိသတ်တွေစိတ်ပူခဲ့ရပါသေးတယ်။ ဒီနေ့မှာတော့ သူမရဲ့ဗိုက်ဆေးခန်းရက်ချိန်းလေးကိုသွားရင်း မမဗိုက်ရဲ့ပုံရိပ်လေးတွေကိုတင်ထားတာပါ။ မဗိုက်လေးရဲ့ဆေးခန်းရက်ချိန်းလေး အရင်လိုမူးတော့ဘူး အန်တော့ဘူး စားလို့ကောင်းသောက်လို့ကောင်းလှလို့ကောင်း

ဗိုက်ဗိုက်ဖက်ရှင်တွေဘယ်လိုတွေဝတ်မလဲဆိုတာစောင့်ကြည့်ပေးအုံးနော်သဲတို့ ဆိုတဲ့ မမဗိုက်ရဲ့ချစ်စရာပုံရိပ်လေးတွေကိုအားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *