ချစ်စရာကောင်းတဲ့သားလေး၊သမီးလေးတစ်ယောက်နဲ့ ပရိသတ်အချစ်တွေကိုသိမ်းပိုက်ထားနိုင်တာကတော့ နန်းမြတ်ဖြိုးသင်းပဲဖြစ်ပါတယ်။ သူမရဲ့ liveလေးတွေကတစ်ဆင့် ကလေးတွေကိုချစ်ပြီးပရိသတ်တွေချစ်မဝဖြစ်ခဲ့တာပါ။ သူမကတော့ ရှေ့ဆက်ပြီးလည်းသားလေး၊သမီးလေးအတွက်မာကျောတဲ့စိတ်ဓာတ်တွေနဲ့ရှေ့ဆက်နေတာပါ။
အရင်ကဆို သူတို့မိသားစုပုံရိပ်လေးတွေတင်တိုင်းပရိသတ်တွေချစ်ပြီးအားကျစရာမိသားစုလေးကိုပိုင်ဆိုင်ထားခဲ့တာပါ။ ဒါပေမယ့် မမျှော်လင့်တဲ့ ကိုဗစ်ရိုက်ခတ်မှုတွေကြောင့် ခင်ပွန်းဖြစ်သူအသက်ကိုဆုံးရှုံးခဲ့ရပါတယ်။ ကလေးတွေငယ်နေချိန်ပဲရှိသေးတာကြောင့် ချစ်ရတဲ့သူတွေအကုန်ဝမ်းနည်းခဲ့ရပေမယ့် သူမကတော့သားသမီးအတွက် အားတင်းကာရှေ့ကိုဆက်လျှောက်နေရတာပါ။
မနက်ဖြန်ဆိုသူမခင်ပွန်း ကွယ်လွန်တာ၆လပြည့်ဖြစ်ပါတယ်။ဒါကြောင့်သူမခံစားချက်လေးကိုလူမှုကွန်ရက်ကနေခုလိုပဲရေးသားထားခဲ့ပါတယ်။ နက်ဖြန်ဆို ၆လပြည့်ပီတနှစ်ရဲ့တဝက်ပေါ့နော်ဒီလိုရက်တွေရောက်လာတိုင်းအဲ့တုန်းကခံစားချက်ကိုတထေရာတည်းခံစားရတယ်ကိုယ်ချစ်တဲ့သူခံစားနေရတာကိုရင်နာနာနဲ့ပြုစုနေရတဲ့ခံစားချက်
၂ညဆက်တိုက်လုံးဝမအိပ်ပဲသူ့အနားကတဖဝါးမခွါအနားမှာနေရင်းသူ့အတွက်ကောင့်းမယ့်ကိစ္စလေးတွေပြုပေးခဲ့ရတယ်။ဆရာဝန်lifeမှာလူတွေသေတာအများကြီးကြုံခဲ့ဖူးတယ်။
ဒါပေမယ့်ကိုယ်ချစ်တဲ့သူကိုယ့်လက်ထဲမှာဆုံးရှုံးရတော့မှာကိုသိသိလျက်နဲ့တည်ငြိမ်အောင်ထိန်းထားရတဲ့ခံစားချက်၊ကလေးတွေကိုဘယ်လိုပြောပြရပါ့မလဲဆိုတဲ့အတွေးဘဝရဲ့တံတိုင်းကြီးပြိုတော့မယ်ဆိုတဲ့အသိ၊ရှုပ်ထွေးလွန်းတဲ့ခံစားချက်တွေကိုအသစ်အသစ်ပြန်မဖြစ်ချင်ဘူးဒါပေမယ့်လဲမေ့လို့မရဘူး ဆိုပြီးရေးသားထားခဲ့တာပါ။