ပြည်ပနိုင်ငံကနေ ဂီတသမားတွေကို တိုက်ခိုက်နေတဲ့ ဖြူဖြူကျော်သိန်းရဲ့အစ်မကို ထိမိလွန်းတဲ့ စကားလုံးတွေနဲ့ ဒဲ့ပြောချလိုက်တဲ့ အောင်လ

Rock သီချင်းတွေနဲ့အတူပရိသတ်အားပေးမှုတွေယနေ့တိုင်ရရှိထားပြီး အောင်မြင်နေတာကတော့ အောင်လပဲဖြစ်ပါတယ်။ သူကတော့လက်ရှိမှာ ကြက်သံပုံကင်လေးတွေကို ချစ်ဇနီးလေးဝိုင်းစုနဲ့အတူ ကိုယ်တိုင်လုပ်ရောင်းနေတာဖြစ်ပါတယ်။ပရိသတ်အားပေးမှုတွေလည်းများစွာရရှိထားပြီးလက်မလည်အောင်ရောင်းချထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်းလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ သူဟာဝေဖန်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ခဲ့ရတာပါ။ သူ့နဲ့အခြေအတင်ဖြစ်နေတဲ့သူကလည်းတစ်ခြားသူမဟုတ်ပဲ နိုင်ငံကျော်အဆိုတော်ဖြူဖြူကျော်သိန်းရဲ့အမဖြစ်သူပဲဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကနေ အောင်လကိုတိုက်ခိုက်နေတာဖြစ်ပြီး Facebook ကိုလည်း Blockထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်အောင်လဟာ သူရဲ့လူမှုကွန်ရက်ကနေပြန်လည်ဖြေရှင်းထားခဲ့တာပါ။ကျုပ်တို့တွေ လမ်းပေါ်မှာ နေပူခံ ဒုက္ခတွေခံရတဲ့ထဲ သေနပ်သံကြားရင် ပြေးရတဲ့ အချိန်တုန်းက ခင်များတို့ဘယ်မှာလဲ…?ဘယ်မှာလဲ ရေသန့်ဗူးတွေ စားစရာတွေလှုတာ။လက်ကွေး ရတော့မယ့်အချိန်မှာရော ခင်များဘယ်မှာလဲ ?ကိုယ်ပျောက်တုန်းပဲလား ?ပလာတာတူးနေတာလား?ဒီကလူတွေ အချိန်တွေကြာ အဆင်မပြေကြတော့လို့အလုပ်လုပ်ရင်တောင် blame တတ်တဲ့ ခင်များရဲ့ စောက်ကျင့် ကို အရင်ပြင်ပါ မဟုတ်ရင်လည်း ခင်များတို့မိသားစု ဒီကလူတွေလို ဘာအလုပ်မှ မလုပ်ပဲ ၂ နှစ်လောက် နေပေးပါ။စောက်ပိုတွေမရေးပါနဲ့ boycott ဆို ခင်များကို အရင်လုပ်ရမှာနိုင်ငံတော် ပညာတော်သင်စရိတ်နဲ့သင်ပြီး နိုင်ငံအတွက် ဘာအကျိုးမှ မလုပ်ဖူးတဲ့သူ ခင်များညီမကိုတော့ အားနာတယ် .ကျုပ်ရေးပေးထားတဲ့သီချင်းလေးမျက်နှာကြောင့် ဒီလောက်ပဲပြောမယ်…ခင်များနဲ့လည်း ဆုံဦးမှာပါ La palartarခင်များပဲတော် ၊ခင်များပဲတတ် Bonjour….ဆိုပြီးရေးသားထားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *