မြေးဦးလေးမွေးပေးထားတဲ့ ချွေးမလေးအတွက် သိန်းသုံးဆယ်ကျော်တန် နာရီလေး လက်ဆောင်ပေးခဲ့တဲ့ ခင်လွှမ်းရဲ့ယောက္ခထီး

မိန်းကလေးတိုင်းအားကျရလောက်တဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ ခင်လွှမ်းဖြစ်ပါတယ်။ လက်မထပ်ခင်ကတည်းက စည်ဖြိုးရဲ့အချစ်တွေအပြင် စည်ဖြိုးမိဘတွေရဲ့အချစ်တွေကိုပါရရှိထားတာဖြစ်ပါတယ်။ စည်ဖြိုးအမေရဲ့အင်တာဗျူးလေးတွေတိုင်းမှာလည်း ခင်လွှမ်းကိုသမီးလေးတစ်ယောက်လိုချစ်ကြောင်းပြောလေ့ရှိပြီးအားကျခဲ့ရတာပါ။

လက်ထပ်ပြီးကိုယ်ဝန်ဆောင်ချိန်ကနေ သမီးလေးမွေးဖွားပြီးချိန်ထိလည်း သမီးလေးတစ်ယောက်ကိုဂရုစိုက်ချစ်ခင်နေရတာပါ။ ဒါကြောင့်လည်း မိန်းကလေးတိုင်းအားကျရတဲ့သူတစ်ယောက်ဖြစ်လာတာပါ။ သူတို့မိသားစုလေးကိုကြည့်လိုက်တိုင်းလည်း အမြဲပျော်ရွှင်စရာကောင်းနေတာပါ။

ခုမှာလည်း စည်ဖြိုးရဲ့အချစ်တွေသာမက စည်ဖြိုးမိဘတွေရဲ့အချစ်တွေပါရရှိထားတဲ့သူမကတော့ လက်ဆောင်လေးကိုရရှိခဲ့တာပါ။ သူတို့ချစ်ရတဲ့ချွေးမလေးအတွက် နာရီလေးလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဖေကြီး (father in law) ပေးတဲ့ suprise gift တန်ဖိုးထားပြီးရိုရိုသေသေ ပတ်ပါ့မယ်ရှင်။ကျေးဇူးအများကြီး တင်ရင်း ဖေကြီးရော မေကြီးရော ကန်တော့လိုက်ပါ့တယ် ဆိုပြီးရေးသားထားခဲ့တာပါ။

Leave a Reply

Your email address will not be published.