နေအိမ်ချိတ်ပိတ်ခံလိုက်ရတာကြောင့် ကလေးနှစ်ယောက်နဲ့နေစရာမရှိတော့တဲ့ သူမရဲ့အဖြစ်ကို ဝမ်းနည်းစွာ ဖွင့်ဟလာတဲ့ ကိုပေါက်ရဲ့ဇနီး

စစ်အာဏာရှင်တွေကိုအမြစ်ဖျက်ခြေမှုန်းမယ့်စိတ်ဓာတ်တွေနဲ့ယနေ့တိုင်တော်လှန်နေတာကတော့ ကိုပေါက်ပဲဖြစ်ပါတယ်။ သူကတော့မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ အာဏာရှင်စနစ်ကိုတိုက်ဖျက်ရာမှာ ပါဝင်တဲ့ အနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။

သူဟာအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပြီးပရိသတ်အခိုင်အမာရထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါမယ့်မတရားအာဏာလုယူသွားတဲ့နောက်ပိုင်းမှာတော်လှန်ရင်း ဖမ်းဝရမ်းထုတ်ခံရကာတော်ထဲကိုထွက်ပြေးပုန်းရှောင်နေရတာပါ။ ချစ်ရတဲ့မိသားစုဝေရဲ့အဝေးကိုထွက်ခွာခဲ့ရပေမယ့် လည်းမတရားမှုအတွက်ဆို အဆုံးထိတိုက်ထုတ်သွားမယ့်သူတစ်ယောက်လည်းဖြစ်ပါတယ်။

ခုမှာလည်း သူတို့ရဲ့နေအိမ်လေးကိုမတရားချိတ်ပိတ်လိုက်ရာကနေ ကိုပေါက်တစ်ယောက်ပညာသားပါပါချေပလိုက်တာဖြစ်ပါတယ်။ ကျုပ်ကို၁၇.၂.၂၀၂၁ မှာ ၅၀၅(က)နဲ့ သူတို့ကဖမ်းဝရမ်းထုပ်တယ်။၁၇.၁၂.၂၀၂၁ မှာကျုပ်အိမ်ကို သူတို့ကသေနတ်နဲ့ ၉ချက်လာပစ်တယ်။ဒီနေ့၂၁.၂.၂၀၂၂ မှာ ကျနော့်အိမ်ကို သူတို့ကချိတ်လာပိတ်တယ်။အင်းလက်ရှိအဖြစ်အပျက်တွေကို ခြုံငုံပြီးသုံးသပ်ရရင်တော့ဒီတပတ် တကွက်တည်းပုံအောရမယ့် အကွက်က၁၇၂မှတ်ချက်ပေါက်ရင်တော့ lucky money လေးတော့ပေးကြပေါ့ ဆိုပြီးချေပလိုက်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *