တစ်ချိန်ကယောက်ျားလေးပရိသတ်တွေကြားမှာ အားပေးမှုအခိုင်အမာရရှိခဲ့တာကတော့ သရုပ်ဆောင်သွန်းဆက်ပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်တွေကြောင့် ပရိသတ်တွေဝိုင်းပြီးချစ်ခဲ့ကြတာပါ။ သူ့ဇာတ်ကားလေးတွေကလည်း ပရိသတ်အားပေးမှုအများဆုံးနဲ့အောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်။
Video လောကပျက်သွားပြီးနောက်မှာတော့ သူမဟာပရိသတ်တွေနဲ့အနည်းငယ်ဝေးကွာသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လူမှုကွန်ရက်ကနေသူမရဲ့ပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီး ပရိသတ်တွေချစ်နေရတုန်းပါ။ ခုနောက်ပိုင်းမှာလည်း လူမှုကွန်ရက်ကနေ live saleလေးတွေရောင်းရပြီး အားပေးမှုတွေပြန်လည်ရရှိနေတာပါ။
ဒါပေမယ့် မင်းသမီးဘဝကနေ live လွှင့်ရောင်းလို့ မနာလိုသူတစ်ချို့ရဲ့ဝေဖန်မှုကိုခံနေရတာဖြစ်ပြီး သူမရဲ့လူမှုကွန်ရက်ကနေခုလိုပဲ ပညာသားပါပါဖြေရှင်းသွားခဲ့ပါတယ်။ မသွန်းဆက် လဲ မင်းသမီးဘဝကနေစျေးသည်ကြီးဖြစ်နေပီ လို့ပြောကြတာတွေ့လို့ပါ ကျမ ပျော်ပါတယ်ရှင့်ကျမ မင်းသမီး ဘဝ အနုပညာရှင် ဘဝတုန်းကလဲပျော်ပျော်ကြီး ကားရိုက်တွေ အများကြီး ရိုက်ခဲ့ပီးပြီအခု live တွေစျေးတွေ ရောင်းရတော့လဲကျမ ပျော်ပျော်ကြီး ရောင်းပါတယ်ရှင့်“ အလုပ်ဟူသမျှ ဂုဏ်ရှိစွ “ ပါကောင်းရောင်းကောင်းဝယ်လုပ်စားနေတာ မလို့ … ကျမ သိမ်ငယ်တယ်လို့ကို မခံစားရပါဖူးရှင့်ကျမ ကို ထင်ချင်သလိုထင်ကြပါကျမ ဘာမှမဖြစ်ပါဖူးရှင့်အခုချိန်မှာတော့ မင်းသမီး တဖြစ်လဲ စျေးသည်လေး မသွန်းဆက်ပေါ့ရှင့်နောင်တချိန် အခြေအနေတွေကောင်းလာတဲ့တနေ့ ကားရိုက်တွေပြန်ရိုက်ကူးလို့ရတဲ့တချိန်ကျမှပဲ သေချာကြိုးစားပီး ပရိသတ်ရှေ့ကို ပြန်လာပါမယ်ရှင့်အခုတော့ ရှေ့ဆက်လဲ စျေးလေးတွေ ထပ်ရောင်းပါအုံးမယ်ရှင့်အားပေးကြပါအုံးရှင့် ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။