သူမအတွက် မွေးနေ့ကိတ်ပြင်ဆင်ပေးနေတဲ့ ချစ်ခင်ပွန်းရဲ့လက်မောင်းလေးကိုမှီပြီး ကလေးတစ်ယောက်လို ချွဲနေတဲ့ ဘေဘီမောင်ရဲ့ဗီဒီယိုဖိုင်

ဒီနေ့ကတော့ ပရိသတ်အချစ်တော်လေးလည်းဖြစ် သားဂန်းရဲ့ဇနီးလေးလည်းဖြစ်တဲ့ ဘေဘီမောင်ရဲ့ ၃၁နှစ်ပြည့်နေ့လေးလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကိုယ်ဝန်လေးကိုလည်းလွယ်ထားပြီး အလုပ်တွေမှာလည်းပရိသတ်အားပေးမှုတွေနဲ့အောင်မြင်နေတာဖြစ်ပါတယ်။ ဒါကြောင့်ပရိသတ်တိုင်းအားကျရတဲ့ ဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူမဟာအရင်ခေတ်အနုပညာတွေလုပ်ချိန်ကတည်းယနေ့ချိန်ထိ အောင်မြင်မှုတွေများစွာသိမ်းပိုက်ထားနိုင်သူပါ။ အောင်မြင်မှုတွေများစွာသိမ်းပိုက်ထားပေမယ့် ဘာသာတရားကိုင်းရှိုင်းပြီး လူတစ်ဖက်သားတွေကိုကူညီတက်တဲ့စိတ်ထားလေးလည်းရှိနေတာပါ။ ဒီစိတ်လေးကြောင့်ပဲ ပိုပြီးအောင်မြင်လာတာပါ။

ဒီနေ့မွေးနေ့လေးမှာလည်း စိတ်ချမ်းသာပြီးအေးချမ်းတဲ့နေရာလေးမှုပြုလုပ်ခဲ့တာပါ။ မယ်သီလရှင်ကျောင်းလေးမှာ အလှုလေးပြုလုပ်ရင်းကိတ်မုန့်လေးပါခွဲတာပါ။ မွေးနေ့လေးမှာအေးချမ်းပြီးကြည်နူးစရာကောင်းနေလဲဆိုတာကတော့ အောက်က video လေးကိုကြည့်ပြီး ဆုတောင်းစကားလေးပြောပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.