တပ်မတော်မှ အရာရှိတစ်ဦးနဲ့ မကြာခင်လက်ထပ်တော့မှာဖြစ်တဲ့အတွက် ပရိသတ်များစွာရဲ့ဝေဖန်မှုကို ခံနေရတဲ့ အေးမြတ်သူ

မြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့ရိုးရှင်းလှတဲ့ပုံရိပ်တွေကြောင့် ပရိသတ်တွေချစ်ခဲ့ကြတာကတော့ အေးမြတ်သူပဲဖြစ်ပါတယ်။ သူမကတော့ နှစ်ပေါင်းများစွာကြာယနေ့အချိန် ထိအနုပညာလောကမှာ အောင်မြင်မှုတွေသိမ်းပိုက်ထားနိုင်တာပါ။ ယနေ့အချိန်ထိတိုင်သူ့ကိုလေးစားအားကျနေရတဲ့ အနုပညာရှင်တွေပရိသတ်တွေများစွာရှိတာပါ။

ခုနောက်ပိုင်းမှာအနုပညာအလုပ်တွေသိပ်မလုပ်တော့ပေမယ့် လူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့အချိန်ကာလအတွင်းကလည်း သူမရဲ့ပုံရိပ်တစ်ချို့ကြောင့်ဝေဖန်ခံနေရတာပါ။ မြန်မာဝတ်စုံလေးတွေကြောင့် ပရိသတ်အချစ်ပိုခဲ့တဲ့သူမဟာနောက်ပိုင်း ခန္ဓာကိုယ်အလှပေါ်လွင်တဲ့ပုံရိပ်တွေကြောင့် ပရိသတ်တစ်ချို့ဝေဖန်တာခံရတာပါ။

ခုမှာလည်းသူမရဲ့ချစ်သူနဲ့ပုံရိပ်တွေကြောင့် ပရိသတ်ကြားမှာတော်တော်လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ သူမနဲ့တူတူတွဲရိုက်ထားတဲ့သူမချစ်သူဟာ စစ်တပ်ကတပ်ရင်းမှုးတစ်ယောက်လို့သိရပြီး ဝေဖန်မှုတွေကြုံနေခဲ့ရတာပါ။ အေးမြတ်သူကိုချစ်တဲ့ပရိသတ်တွေလည်းဒီတစ်ခေါက်မှာတော့ အေးမြတ်သူအတွက်ဝေဖန်အကြံပြုချက်လေးတွေပြောပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *