ချစ်သူလေးနဲ့ တရားဝင် လက်ထပ်လိုက်ပြီးလူပျိုကြီးဘဝကနေ အပြီးတိုင်အနားယူလိုက်ကြောင်း အသိပေးလိုက်တဲ့ ဝေဠုကျော်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဝေဠုကျော်ကတော့ အားလုံး အံ့အားသင့်သွားစေမယ့် သတင်းလေးတစ်ခုကို ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူလေးနဲ့ တရားဝင် လက်ထပ်လိုက်ပြီးလူပျိုကြီးဘဝကနေအပြီးတိုင်အနားယူလိုက်ကြောင်း အသိပေးလိုက်တာ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ အသက်(၄၀) ကျော်မှ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့မင်္ဂလာပွဲပုံရိပ်တွေကိုလည်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ ဝေဠုကျော်ရဲ့ကောင်မလေးဟာ အနုပညာအသိုင်းအဝိုင်းမှ မဟုတ်ဘဲ သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝေဠုကျော်ရဲ့မင်္ဂလာသတင်းအတွက် ဝမ်းသာနေကြတာ ဖြစ်ပါတယ်။

” နှစ်ဖက်သောမိဖများ၏သဘောတူခွင့်ပြုအရလက်ထပ်ထိမ်းမြားမင်္ဂလာပွဲကျင်းပပြုလုပ်ပြီးစီးခဲ့ပါပြီ။ ဝေဠုကျော် +ရေကြည်ချမ်းမြ ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ” ဆိုပြီးလည်း ရေးသားထားတာကိုလည်း မြင်တွေ့ရပါတယ်။ အသက်ကြီးမှ အစွံထုတ်သွားတဲ့ မင်းသားကြီးအတွက် မင်္ဂလာဆုတောင်းစကားလေးတွေ ပြောပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published.